4/24/2015

♪ Apple က iPhone များဝယ်ယူရန် Android Phone များကို အပ်နှံနိုင်သည့် အစီအစဉ်ကို ပြုလုပ်ပေး ♫

1

Apple က Android Phones, BlackBerrys , Windows Phone များကို အပ်နှံရန် လက်ခံလိုက်ခြင်းဖြင့် သူ၏ Trade-in Program ကို တိုးချဲ့လိုက်သည်ဟု အတည်ပြုလိုက်ပါသည်။

အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီရှိ စမတ်ဖုန်းပိုင်ရှင်များ အနေဖြင့် Apple Stores များတွင် iPhone Reuse and Recycling Program မှ တစ်ဆင့် ဖုန်းများကို အပ်နှံနိုင်မည် ဖြစ်ပြီး iPhone ၀ယ်ယူရန် Gift Card ကို ရယူနိုင်မည် ဖြစ်သည်။

အဆိုပါ ၀န်ဆောင်မှုသည် Apple အနေဖြင့် အခြား ပလက်ဖောင်းများ အသုံးပြုသူများကို စွဲဆောင်ခြင်း ဖြစ်ပြီး iPhone ရောင်းအားတက်စေရန် ဖြစ်ပါသည်။

မကြာသေးမီက Apple သည် Android Phone မှနေ၍ iPhone ကို ပြောင်းလဲ အသုံးပြုလျှင် လုပ်ဆောင် ရမည့် အချက်များကို တစ်ဆင့်ချင်း ရှင်းလင်းပြသသည့် Guide ကို သူ၏ ၀က်ဆိုက်တွင် ပြသခဲ့ပါသည်။ စီအီးအို Tim Cook က ယခင် Apple Device သုံးခု ရောင်းချပြီးနောက်ထက် iPhone 6 , 6 Plus ထွက်ရှိ သည့် နောက်တွင် Android မှ iOS ပြောင်းလဲ အသုံးပြုသူသည် ပိုမိုများပြားလာသည်ဟု ပြောကြားခဲ့ ဖူးပါသည်။

iPhone Trade-in Program ကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး iPhone အဟောင်းများကို အသစ် များနှင့် လဲလှယ်နိုင်ရန် Store Credit ပေးသည့် အစီအစဉ်ဖြစ်ပါသည်။ ယခုမူ iPhone အဟောင်းများ သာမက အခြား ဖုန်းများကို လက်ခံပေးလိုက်ခြင်း ဖြစ်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com