4/30/2015

♪ Microsoft က Windows Smartphones, Tablets များအတွက် Universal Office Apps များကို ပြသ ♫

၂

Microsoft က Windows Smartphones, Tablets များအတွက် Universal Office Apps များကို ပြသလိုက်ပါသည်။ အဆိုပါ Office Apps များကို ယခုလကုန်တွင် ဖြန့်ချီပေးမည် ဖြစ်ပြီး Windows Phone Users များအတွက် Desktop Version နှင့် ဆင်တူသည့် Office Apps များကို ပထမဆုံး အသုံးပြုနိုင်မည် ဖြစ်သည်။

Universal Apps များသည် မျက်နှာပြင်အရွယ်အစားပေါ်မူတည်၍ User Interface များ ကွဲပြား မည် ဖြစ်သော်လည်း တူညီသော Code ကို အသုံးပြုထားခြင်းဖြစ်ပါသည်။ Windows Phone အတွက် Office Apps များသည် Android , iOS အမျိုးအစားများနှင့် User Interface ဆင်တူပါသည်။ Microsoft ၏ ပြောကြားချက်အရ ကွဲပြားမှုမှာ လက်တစ်ဖက်တည်းနှင့် အသုံးပြုရ လွယ်ကူစေရန် Commands, Controls များကို မျက်နှာပြင်၏ အောက်ခြေတွင် ထားရှိပေးခြင်း ဖြစ်ပါသည်။

Tablet Apps များကိုမူ စာဖတ်ခြင်း၊ ကညစ်တံဖြင့် မှတ်သားခြင်းနှင့် Gesture များ အသုံးပြုခြင်းကဲ့သို့ လက်နှစ်ဖက်နှင့် အသုံးပြုရ လွယ်ကူစေရန် ပြုလုပ်ပေးထားပါသည်။ Microsoft Surface ကဲ့သို့ နှစ်မျိုးသုံး Device များအတွက် ထိတွေ့မျက်နှာပြင်နှင့် Mouse, Keyboard စွမ်းရည် နှစ်ခုစလုံးကိုအသုံးပြုနိုင် မည် ဖြစ်သည်။ နှစ်မျိုးသုံး Device များသည် Tablet နှင့် Desktop App နှစ်မျိုးစလုံးကို အသုံးပြုနိုင်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com