4/29/2015

♪ Messenger တွင် Video Call ပြုလုပ်နိုင်ပြီ ♫

messenger-video-call1

Facebook က Messenger တွင် Video Call ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီအတွက် သူငယ်ချင်းတွေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စကားပြောနိုင်ပါပြီ။

Video Call ကို UK, US, Belgium, Canada, Croatia, Denmark, France, Greece, Ireland, Laos, Lithuania, Mexico, Nigeria, Norway, Oman, Poland, Portugal , Uruguay နိုင်ငံများရှိ iOS နဲ့ Android နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါပြီ။

လာမယ့်လများတွင် အခြားနိုင်ငံများမှာ အသုံးပြုနိုင်မယ်လို့ Facebook က ပြောပါတယ်။ Video Call ခေါ်ဆို ဖို့အတွက် Chat Screen ရဲ့ ညာဘက်အပေါ်ထောင့်မှ Video Icon ကို နှိပ်ရမှာ ဖြစ်ပါတယ်။ Android နဲ့ iOS ကြားမှာလည်း Video Call ပြုလုပ်နိုင်ပါတယ်။

Facebook က Messenger နဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ Apps များကို တီထွင်နိုင်အောင် မကြာမီကပဲ Developer များအတွက် Messenger Platform ကို ဖြန့်ချီပေးလိုက်ပါတယ်။ အခုဆိုရင် Messenger မှာ Talking Tom , JibJab, PingTank , Kanvas, Giphy စတဲ့ Apps များစွာကို တွဲဖက် အသုံးပြုနိုင်ပါပြီ။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com