4/10/2015

♪ Facebook က F8 Developer Conference ကို ပြုလုပ် ♫

2

Facebook က ဆန်ဖရန်စစ္စကိုတွင် နှစ်စဉ်ကျင်းပလေ့ရှိသော F8 Developer Conference တွင် သူ၏ ထုတ်ကုန်များအတွက် စွမ်းဆောင်ချက်အသစ်များကို ကြေညာပါသည်။

Facebook တွင် ၃၆၀ ဒီဂရီ ဗီဒီယိုများကို ပြသနိုင်တော့မည် ဖြစ်သည့်အတွက် ဗီဒီယိုများကို ရှုထောင့်မျိုးစုံမှ ကြည့်ရှုနိုင်မည် ဖြစ်သည်။ အဆိုပါ ဗီဒီယိုများကို Oculus Rift နှင့် Samsung Gear VR တို့ကဲ့သို့ Virtual Reality Headset များဖြင့်လည်း ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။

Facebook Video များကို ၀က်ဆိုက်များတွင် ပြသနိုင်သည့် စွမ်းဆောင်ချက်အသစ်ကိုလည်း ကြေညာ လိုက်ပါသည်။ အဆိုပါ စွမ်းဆောင်ချက်သည် Google ၏ YouTube ကို ယှဉ်ပြိုင်ရန် ဖြစ်ပါသည်။

Facebook Messenger တွင်လည်း ကုမ္ပဏီများ ၊ အရောင်းဆိုင်များ၊ ၀န်ဆောင်မှုများနှင့် တိုက်ရိုက် စကားပြောနိုင်မည့် Messenger Business ကို ပြုလုပ်ပေးမည် ဖြစ်သည်။ အခြား App များတွင် Messenger Button ကိုထည့်သွင်းနိုင်စေရန် ပြုလုပ်ပေးမည် ဖြစ်ပြီး App များမှ သတင်းအချက်အလက် များကို Messenger တွင် လွယ်ကူလျှင်မြန်စွာ မျှဝေနိုင်မည် ဖြစ်သည်။

Facebook က အင်တာနက် ချိတ်ဆက်နိုင်သည့် Device များအတွက် Software Developer Kit ကို မိတ်ဆက်လိုက်ပါသည်။ အနာဂတ်တွင် Facebook လူမှုကွန်ရက်မှနေ၍ နေအိမ်ရှိ Device များကို ထိန်းချုပ်နိုင်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com