4/10/2015

♪ Motorola Nexus 6 ကို ခြောက်နိုင်ငံတွင် တိုးချဲ့ရောင်းချ ♫

1

Google က Motorola Nexus 6 ကို ခြောက်နိုင်ငံတွင် တိုးချဲ့ရောင်းချပေးလိုက်ပါသည်။ Nexus 6 တွင် Android 5.1 Lollipop ထည့်သွင်းထားပြီး Phablet အမျိုးအစားဖြစ်ပါသည်။ Austria, Denmark, Finland, Ireland, Norway, Portugal နိုင်ငံများတွင် တိုးချဲ့ရောင်းချပေးလိုက်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် Nexus 6 ကို နိုင်ငံပေါင်း ၂၁ နိုင်ငံတွင် ၀ယ်ယူနိုင်ပြီ ဖြစ်သည်။

Nexus 6 တွင် ၅.၉၆ လက်မအရွယ် 1440×2560 pixels Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၉၃ ဖြစ်ပါသည်။ မျက်နှာပြင်ကို Corning Gorilla Glass 3 ဖြင့် ကာကွယ်ထား ပါသည်။ Quad-Core 2.7GHz Qualcomm Snapdragon 805 Chipset မောင်းနှင်မည် ဖြစ်သည်။ 3GB RAM, 13MP Rear-Camera, 2MP Front-Camera ပါရှိပါသည်။ Internal Storage ကို 32/64GB များရွေးချယ်နိုင်ပါသည်။ 3220mAh Battery ကို အသေတပ်ဆင်ပေးထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com