4/10/2015

♪ Facebook က Web အတွက် Messenger App ကို ပြုလုပ်ပေး ♫

Ashampoo_Snap_003_

Facebook က Web အတွက် Messenger App ကို ပြုလုပ်ပေးလိုက်ပါတယ်။ Facebook ကနေ Messenger ကို အသုံးပြုလို့ရပေမယ့် News Feed ကို အဓိက နေရာပေးထားတဲ့အတွက် Chat Box များကို သေးငယ်စွာ တွေ့မြင်အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အခုတော့ Messenger Web App မှာ Text, Image များကို ကြီးကြီးမားမားတွေ့မြင် နိုင်ပါပြီ။

Messenger Web App ကို https://www.messenger.com/login/ ကနေ သွားရောက်အသုံးပြုနိုင် ပါတယ်။ ထူးခြားချက်တစ်ခုက Message ၀င်လာရင် Desktop Notification ကို အရုပ်၊ အသံနဲ့တကွ အသိပေးနိုင်တာ ဖြစ်ပါတယ်။ Facebook ကနေ Messenger ကို အသုံးပြုသလိုပဲ ဓါတ်ပုံ၊ စတစ်ကာနဲ့ အခြားဖိုင်များကို ပေးပို့ ရယူနိုင်ပါတယ်။

Messenger Web App ကို Windows, Mac, Linux ပလက်ဖောင်းများမှ ဘရောက်စာ အားလုံးမှာ အသုံးပြုနိုင်ပါတယ်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com