Silicon Power မှ ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ပရိုမိုးရှင်းအစီအစဉ်ကို ပြုလုပ်ထားပြီး အဆိုပါ အစီအစဉ်အရ ဖေဖော်ဝါရီ ၉ ရက် မှ မတ်လ ၉ ရက်အထိ Special valentine’s pack ဝယ်ယူသူများ အနေဖြင့် ကံစမ်းမဲများ ကံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
SP special valentine’s pack များကို 510, OTG X20, U31, T06, T06, 720 USB flash drive နှင့် P51, P81 power bank ဟူ၍ မော်ဒယ် ၈ မျိုးဖြင့် ခွဲခြားထားသည်။ ဝယ်ယူသူများအနေဖြင့် Samsung Galaxy A5, 10400 mAh Power bank နှင့် 16GB special edition flash drive ကို ထပ်မံကံစမ်း ခွင့်ရရှိမည် ဖြစ်သည်။
Sp Silicon Power “Double Deal & Double Happiness” special pack ကို ဝယ်ယူသူများ အနေဖြင့် လည်း Samsung Galaxy A5 ကိုကံစမ်းခွင့်ရရှိမည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို Facebook Page “Silicon Power Myanmar” သို့ ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။