OPPO
R5 ရွှေရောင်နှင့် N3 မော်ဒယ်များကို ချစ်သူများနေ့ မတိုင်မီ ပြည်တွင်း၌
ဝယ်ယူနိုင်မည် ဖြစ်ပြီး R5 ရွှေရောင်သည် အလုံးရေ ကန့်သတ်ထားသည့် အတွက်
ဦးရာလူစနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ် ကြောင်းသိရသည်။
"N3 ကိုလည်း ဖေဖော်ဝါရီ ၁၃ မှာ ပြည်တွင်းမှာ မိတ်ဆက်ပေးသွားဖို့ ရှိပါတယ်။ နောက်ပြီး R5 ရွှေရောင် ကို ချစ်သူများနေ့ မတိုင်ခင်မှာ ပြည်တွင်းမှာ ဝယ်ယူနိုင်မှာပါ။ ရွှေရောင်ကအလုံးရေ အကန့်အသတ်နဲ့ ထုတ်တာပါ။ ဒါကြောင့် OPPO အနေနဲ့ ဦးရာလူစနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်" ဟု OPPO Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
OPPO R5 ရွှေရောင်ကို OPPO ကောင်တာရှိသည့် မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူနိုင် မည်ဖြစ်ပြီး အဆိုပါ R5 ရွှေရောင်ကို တန်ဖိုး ၄၉၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။