2/27/2015

♪ Microsoft က Windows 10 တွင် Biometrics လုံခြုံရေးနည်းပညာကို ထည့်သွင်းပေးမည် ♫

2

Microsoft က Windows 10 တွင် Fast Identity Online Alliance (FIDO) စံနှုန်းကို အထောက်အပံ့ပေး မည်ဟု ဘလော့ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားပါသည်။

ထို့အတွက် ၀င်းဒိုးကွန်ပြူတာကို Password နှင့် သာမက လက်ဗွေရာကဲ့သို့ Biometric များကို အသုံးပြု၍ ကာကွယ်နိုင်မည် ဖြစ်သည်။ လက်ဗွေရာ ဖတ်ရှုသည့် စကင်နာများကိုလည်း အနာဂတ် ကွန်ပြူတာများတွင် ထည့်သွင်းလာတော့မည် ဖြစ်သည်။ Microsoft ၏ ကြေညာချက်သည် Windows 10 Mobile Device များအတွက်လည်း အလွန် အကျိုးရှိစေမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

FIDO ကို နည်းပညာ Company ကြီးများစွာက အထောက်အပံ့ပေးထားပြီး PayPal ကဲ့သို့ ငွေပေးချေမှု ၀န်ဆောင်မှုများထံမှလည်း ထောက်ပံ့ငွေများ ရရှိထားပါသည်။ FIDO စံနှုန်းအသစ်သည် နောက်ထုတ်မည့် Windows 10 အတွက် အရေးအကြီးဆုံး ဦးစားပေး လုပ်ငန်းစဉ်ဖြစ်သည်ဟု Microsoft က ပြောပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com