2/24/2015

♪ Oppo က 4G ဆက်သွယ်မှုပါသော စွမ်းဆောင်ရည်သင့် 3000 စမတ်ဖုန်းကို တရုတ်တွင် ရောင်းချ ♫

၁

Oppo က တရုတ်တွင် စမတ်ဖုန်းအသစ်တစ်လုံးကို ကြေညာလိုက်ပါသည်။ Oppo 3000 ဟု အမည်ပေးထားပြီး တရုတ်နိုင်ငံတွင် စတင်ရောင်းချပေးလိုက်ပါသည်။

Oppo 3000 သည် စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး ၄.၇ လက်မအရွယ် 720p Display, 5MP Wide-Range Front Camera, 8MP Sony IMX179 Rear Camera တပ်ဆင်ထားပါသည်။ ကင်မရာများသည် အရည်အသွေးမြင့်မားသော ဓါတ်ပုံများကို ရိုက်ကူးပေးနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

1.2GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm 64-bit Snapdragon 410 SoCနှင့် 1GB RAM ပါရှိပါသည်။ 8GB Storage အပြင် microSD Card အသုံးပြုနိုင်ပါသည်။ Dual-SIM , 4G , NFC, 2000mAh Battery များပါရှိပါသည်။

Android 4.4 KitKat ကို Oppo Color OS 2.01 ဖြင့် တွဲဖက် အသုံးပြုထားပါသည်။ တရုတ်တွင် ယွမ် ၁၅၉၉ (ဒေါ်လာ ၂၅၆ ၀န်းကျင်) ဖြင့်ရောင်းချပေးနေပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com