2/27/2015

♪ Pebble Smartwatch တွင် Android Wear စွမ်းရည်များပါရှိလာ ♫

3

Pebble ၏ Beta Version အသစ်တွင် Android Wear Notification စွမ်းရည်များ ပါရှိလာပါသည်။

ထို့အတွက် Pebble စမတ်နာရီမှနေ၍ Notification များကို တုန့်ပြန်နိုင်မည် ဖြစ်သည်။ Notification မှနေ ၍ အီးမေးများကို Archive လုပ်နိုင်ခြင်း၊ Retweet ပြုလုပ်နိုင်ခြင်း ကဲ့သို့ လုပ်ဆောင်ချက်များ ကို ပြုလုပ်နိုင် မည် ဖြစ်သည်။ သို့သော် Android Wear စမတ်နာရီများကဲ့သို့ အသံဖြင့် အမိန့်ပေးခိုင်းစေသည့် စွမ်းဆောင်ချက်ကို Pebble တွင် မရရှိသေးဟု သိရပါသည်။

Developer များအနေဖြင့်လည်း အဆိုပါ စွမ်းရည်ကို Pebble အတွက် သီးခြား ထည့်သွင်းရန် မလိုဘဲ Android Wear အတွက် ဖန်တီးထားသည်ကို Pebble တွင် အသုံးပြုနိုင်မည် ဖြစ်သည်။ Pebble ပိုင်ရှင်များအနေဖြင့် Beta Version ကို Sign Up ပြုလုပ်နိုင်ပြီ ဖြစ်ပြီး Stable Version ကို မကြာမီတွင် ဖြန့်ချီပေးမည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com