2/27/2015

♪ Facebook က ကိုယ့်ကိုကိုယ် သတ်သေမှုများကို တားဆီးနိုင်မယ့် စွမ်းဆောင်ချက်ကို ထည့်သွင်း ♫

Screen-Shot-2015-02-26-at-10.18.01

Facebook က ကိုယ့်ကိုကိုယ် သတ်သေမှုများကို တားဆီးနိုင်မယ့် စွမ်းဆောင်ချက်ကို ထည့်သွင်းပေးတော့ မှာ ဖြစ်ပါတယ်။ လူတစ်ယောက်က ကိုယ့်ကိုကိုယ် သတ်သေမယ်လို့ ရေးသားထားတဲ့ ပို့စ်များကို တွေ့မိတဲ့ အခြားလူတစ်ယောက်က သတ်သေမယ့် လူရဲ့ သူငယ်ချင်း သို့မဟုတ် Facebook ကို တိုက်ရိုက် အကြောင်းကြားနိုင်မှာ ဖြစ်ပြီး အထူးလေ့ကျင့်ထားတဲ့ ကျွမ်းကျင်သူတွေက ဖြစ်ရပ်ကို ခွဲခြမ်းစိတ်ဖြာမှာ ဖြစ် ပါတယ်။

ခွဲခြမ်းစိတ်ဖြာသူတွေက ဒီပို့စ်ဟာ တကယ်ပဲ လူတစ်ယောက် ကိုယ့်ကိုကိုယ် သတ်သေနိုင်တယ်လို့ ဆုံးဖြတ် ရင် အကြောင်းကြားတဲ့ လူကို ဆက်သွယ်မှာ ဖြစ်ပြီး သတ်သေမယ့် လူကို ဖုန်းခေါ်ဖို့နဲ့ စာပို့ဖို့ ပြုလုပ်ပေး မှာ ဖြစ်သလို အထူးလေ့ကျင့်ထားတဲ့ ပညာရှင်တွေထံမှ အကြံပြုချက်များ ရယူနိုင်အောင် ပြုလုပ်ပေးမှာပါ။

ဒီစွမ်းဆောင်ချက်ကို လာမယ့် လအနည်းငယ်အတွင်းမှာ အမေရိကန်မှာ စတင်ထည့်သွင်းပေးတော့ မှာ ဖြစ်ပါတယ်။ အခြားနိုင်ငံများအတွက်လည်း နောက်ပိုင်းမှာ ပြုလုပ်ပေးမယ်လို့ Facebook က ရေးသား ထားပါတယ်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com