Tech Camp ဆိုတာဘာလဲ မိတ်ဆွေတို့ယော သိပီးပီ
လား ??
Tech Camp ဆိုတာကျနော်တို့ရဲ့ နည်းပညာတွေ ၊ အသိပညာ အတတ်ပညာ လေ့လာတွေ့ရှိ့ချက်တွေကို လွတ်လပ်စွာ မျှဝေမယ့် ပွဲတစ်ခုဖြစ်ပါတယ် ။ အလွန်လျှင်မြန်တဲ့ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာခေတ်ကြီးမှာ နေ့စဉ်ပေါ်ပေါက်တွေ့ရှိလာနေတဲ့ အကြောင်းအရာအသစ်တွေကို မိမိသာမက တခြားသူတွေလည်း သိရှိ့နိုင်အောင် ကိုယ်သိတာတွေ မျှဝေပေးဖို့နဲ့ မိမိလိုဘဲ လေ့လာတွေ့ရှိ့ထားသူတွေက ဖြည့်စွက်ပေးကာ သူတို့သိရှိ့တာတွေကို ကိုယ်လည်း သိရှိ့ဖို့ အချင်းချင်း ပြန်လည်မျှဝေပေးတဲ့နေရာတစ်ခုဖြစ်ပါတယ် ။
Tech Camp ၏ ရည်ရွယ်ချက်
Tech Camp ဆိုတာက Bar Camp နဲ့သိပ်မကွာခြားလှပေမယ့် Tech Camp မှာ Bar Camp နဲ့မတူတဲ့ အချက်တစ်ခုကတော့ အင်ဂျင်နီယာ နည်းပညာဘာသာ၇ပ်များနှင့် အခြားနည်းပညာဆိုင်ရာများကိုသာ အဓိကဆွေးနွေးမှာ ဖြစ်ပါတယ် ။ Tech Camp ဟာ အသိပညာ အတတ်ပညာ နည်းပညာဆိုင်ရာ ကွာဟ ချက်တွေကျဉ်းမြောင်းလာစေဖို့ တစ်ဥိးတစ်ယောက်တည်းက လက်ဝါးကြီးအုပ်ထားမူ့တွေကို တွန်းလှန်နိုင်ဖို့ အသိပညာသစ် အတတ်ပညာသစ်တွေ လေ့လာဖို့ စိတ်ဝင်စားအောင်မျိုးစေ့ချပေးနိုင်ဖို့စတဲ့ အမျိုးမျိုးသော ရည်ရွယ်ချက်တွေကို စုပေါင်းအကောင်အထည်ဖော်နိုင်လာအောင် ရည်ရွယ်ပါတယ် ။
Tech Capm မှာ ဗဟုသုတ ဖြစ်ဖွယ် စိတ်ဝင်စားဖွယ် နည်းပညာများကို ခေါင်းစဉ်များစွာ ၊ အခန်းများစွာ ၊ ဟောပြောသူများစွာဖြင့် ပညာရှင်များနှင့် ၀ါသနာရှင်များမှ ပရတ်သတ်များနှင့်အတူ အပြန်အလှန် ဆွေးနွေးဟောပြောကြမည်ဖြစ်ပါသည် ။
ပုံမှန် အစည်းအဝေး ၊ ဆွေးနွေးပွဲ ၊ တွေဆုံပွဲ စတာတွေ
ကို ကြိုတင်စီမံထားတဲ့ ခေါင်းစဉ်တွေ ထားရှိ့ခြင်းမရှိ့ဘဲ
တက်ရောက်လာသူတွေက ပြောလာတဲ့ ပြောချင်တဲ့ အ
ကြောင်းအ၇ာတွေကို တစ်ချိန်တည်း တပြိုင်တည်းမှာ တင်ပြပေးနိုင်တဲ့ဆွေးနွေးခန်းများစွာကို ဖန်တီးပေးနိုင်
မယ့် နည်းပညာဆိုင်ရာ အတွေးအမြင် ဖလှယ်တဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ် ။
ကျနော်တို့ TU ဟင်္သာတ အနေဖြင့် Tech Camp TU ပွဲကြီးအား တ၀်ကြိမ်တစ်ခါမျှ ကျင်းပဖူးခြင်းမရှိ့သေးပါ ။ ယခု ပထမဆုံး အကြိမ်အဖြစ် Tech Camp TU အားကျင်းပ ပြု့လုပ်နိုင်ရန် အတွက် ကျနော်တို့ TU ဟသာင်္တ ကျောင်းသူ / ကျောင်းသားများမှ ကြိုးစားအား
ထုတ်လျှက်၇ှိ့ပါသည် ။ သို့ပါသောကြောင့် စိတ်ပါဝင်စား
သူများနှင့် ကျောင်းသားညကျောင်းသူများ အားလုံး အနေဖြင့် အောက်ဖော်ပြပါ ကျောင်းသား - ကျောင်းသူ များ
ထံတွင် ဆက်သွယ်စုံစမ်းပါဝင်နိုင်ပါသည် ။
၁ ။ မောင်မျိုးသူရကိုကို 09 251 123 518
၂ ။ မယုဝါ၀င်းမော် 09 422 488 988
Tech Camp ကျင်းပမည့်နေ့ရက် ၂၈ - ၁၂ - ၂၀၁၅ မှ
၁ - ၃ - ၂၀၁၅ အထိ ။
နည်းပညာဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကျောင်းသားကျောင်းသူများ၏ ကြိုးစားမူ့များကို အသေးစိတ်သိလိုပါက Facebook Page လေးတွင် Like လေးတစ်ချက်ပေးပီး ၀င်ရောက်လေ့လာနိုင်ပါတယ် ။ အလှူငွေများ ပါဝင်လှူဒါန်းလိုပါက အထက်ဖေါ်ပြပါ ကျောင်းသား ကျောင်းသူများထံ စုံစမ်းလှူဒါန်းနိုင်ပါတယ်
ကိုနေဇင် - အခြေခံနည်းပညာ Groupထဲကို
Join Group
လုပ်ပေးပါဦး - အောက်ကစာသားပေါ်သို့်နှိပ်ပီးသွားပါ
ကိုနေဇင် - အခြေခံနည်းပညာ Group
Facebook Page သို့ Like
နှိပ်ပေးပါဦး - အောက်ကစာသားပေါ်သို့ နှိပ်ပီးသွားပါ
ကိုနေဇင် - နည်းပညာ Page
အဆင်ပြေပါစေ
ကိုနေဇင် - နည်းပညာ
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။