2/24/2015

♪ ၈၅,၀၀၀ ကျပ်တန်ဖိုးရှိသည့် ဆင်းမ်ကတ်နှစ်ကတ်သုံး - Lenovo A328 Smartphone ♫

GSM/WCDMA ဆင်းမ်ကတ်များ ထည့်သွင်းအသုံးပြု နိုင်မည့် Lenovo A328 Smartphone ဖြစ်သည်။ ဆင်းမ်ကတ်နှစ်ခု ထည့်သွင်းအသုံးပြုနိုင်သည့် Dual SIM Smartphone အမျိုးအစားဖြစ်သည်။ မျက်နှာပြင် အရွယ်အစားမှာ ၄.၅ လက်မရှိပြီး IPS Multitouch Display ကို အသုံးပြုထားသည်။

Cortex-A7 Quad-Core CPU ပါဝင်ပြီး အမြန်နှုန်းမှာ 1.3 GHz ရှိမည် ဖြစ်သည်။ RAM 1 GB အသုံးပြု ထားပြီး Internal Storage Memory 4GB ပါဝင်သည်။ Internal Storage Memory မလုံလောက် ပါက  microSD  ကတ်ဖြင့် ထပ်တိုးအသုံးပြုနိုင်မည် ဖြစ်သည်။ 5 MP ရှိသည့် နောက်ကင်မရာနှင့်  2 MP ရှိ သည့် ရှေ့ကင်မရာများ ပါဝင်သည်။ Android v4.4.2 Kitkat OS ကို ထည့်သွင်းအသုံးပြုထားသည်။

အာမခံသက်တမ်း ၁ နှစ် ပေးထားပြီး တန်ဖိုးမှာ ၈၅,၀၀၀ ကျပ် ဖြစ်သည်။ KMD ဖုန်း -၂၄၅၁၈၀ နှင့် ၂၄၁၁၉၆ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com