2/25/2015

♪ Kodak ၏ IM5 စမတ်ဖုန်းကို ဗြိတိန်တွင် ရောင်းချတော့မည် ♫

5

ဇန်န၀ါရီလ အစောပိုင်းတွင် ကြေညာခဲ့သော Kodak IM5 စမတ်ဖုန်းကို ဗြိတိန်တွင် ရောင်းချတော့ မည် ဖြစ်သည်။ စတာလင်ပေါင် ၁၈၉.၉၈ ( ဒေါ်လာ ၂၈၉) သတ်မှတ်ထားပြီး Clove မှ ကြိုတင်မှာ ယူနိုင်ပြီ ဖြစ်သည်။ Clove အရောင်းဆိုင်က မတ်လနှောင်းပိုင်း သို့မဟုတ် ဧပြီလ အစောပိုင်းတွင် စတင်ရောင်းချပေးမည်ဟု ပြောပါသည်။

IM5 တွင် 1.7GHz Octa-Core Porcessor, 5” 720p Display, 1GB RAM ပါရှိပါသည်။ 8GB Internal Storage အပြင် 32GB အထိ ၀င်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။ Android 4.4 KitKat ကို ထည့်သွင်းထားပြီး Android 5.0 Lollipop ကို အဆင့်မြှင့်ပေးမည် ဖြစ်သည်။

အနောက်ဘက်တွင် LED Flash နှင့် 13MP Camera ၊ မျက်နှာချင်းဆိုင်တွင် 5MP Camera တပ်ဆင် ထားပါသည်။ ဓါတ်ပုံများကို လျှင်မြန်စွာ Edit လုပ်နိုင်ပြီး လူမှုကွန်ရက်များတွင် မျှဝေနိုင်သော App ကိုလည်း ထည့်သွင်းပေးထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com