2/25/2015

♪ USD - 399 တန် - Dell Venue 8 7000 ရဲ့ အားသာချက် ၊ အားနည်းချက် ၊ သုံးသပ်ချက် နှင့် အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
Dell Venue 8 7000 သည် ကိုင်တွယ်ရာတွင် အလွန်ပါးလွှာပြီး ပေါ့ပါးလှသော tablet တစ်မျိုးဖြစ်သည်။ ၎င်းတွင်ပါဝင်သည့် Intel RealSense depth-sensing ကင်မရာသည် အလွန်တီထွင် ဆန်းသစ်မှုရှိသော feature ဖြစ်သည်။ ရိုက်ကူးထားသည့် ဓာတ်ပုံများကို သိမ်းဆည်းထားရန် Dell Gallery ကိုအသုံးပြုနိုင်သည်။ Dell ၏ Venue 8 7000 တွင် microSD ကတ် slot မှတစ်ဆင့် 512GB အထိတိုးချဲ့ အသုံးပြုနိုင်သည်။

အားနည်းချက်
Dell Venue 8 7000 တွင် အသုံးပြုထားသော depth-sensing ကင်မရာနှင့် ဓာတ်ပုံတည်းဖြတ်သည့် software တို့ပါဝင်သည်။ ၎င်း app ကိုအသုံးပြုရာတွင် ရင်းနှီးကျွမ်းဝင်စေရန် အချိန်ယူရသည့် အပြင် tablet ရှိအပူချိန်မှာ သာမန်ထက် မြင့်တက်လာလေ့ ရှိသည်။

အသေးစိတ်ဖော်ပြချက်
လက်ရှိတွင် Dell Venue 8 7000 သည်ဈေးကွက်တွင် ပါးလွှာမှုအရှိဆုံး tablet တစ်မျိုးဖြစ်သည်။ ၎င်း၏အထူမှာ Samsung Galaxy Tab S 8.4 နှင့်နှိုင်းယှဉ်နိုင်ပြီး ပေါ့ပါးမှုအရှိဆုံး tablet တစ်မျိုးဖြစ်သည်။ Venue 8 7000 ၏မျက်နှာပြင် အရွယ်အစားမှာ ၈.၄ လက်မရှိပြီး ဘေးဘောင်အနားများမှာ အလွန် သေးငယ်သည်။ သို့သော်လည်း Tablet ၏မျက်နှာပြင် အောက်ခြေတွင် ဘေးဘောင်အကြီးစား တစ်ခုပါဝင်လာသည်။

၎င်းဒီဇိုင်းသည် Intel Real Sense depth ကင်မရာ ရိုက်ကူးသည့်အခါတွင် အာရုံခံစနစ်များ အနှောင့်အယှက် မဖြစ်စေရန်အတွက် ဖန်တီးထားခြင်းဖြစ်သလို ရှေ့စပီကာနှင့် 2-megapixel ကင်မရာကိုလည်း ထည့်သွင်းပေးထားသည်။ Dell Venue 8 7000 တွင် Android 4.4 KitKat ကိုအသုံးပြုထားပြီး Intel Atom Z3580 2.3GHz Quad-core CPU အပြင် Imagination PowerVR G6430, RAM 2GB နှင့် internal storage 16GB တို့ပါဝင်လာသည်။ Tablet ၏ ၈.၄ လက်မ OLED မျက်နှာပြင်တွင် ရုပ်ထွက်အရည်အသွေး 2,560x1,600 pixel ကို အသုံးပြုထားသည်။

ဘက်ထရီ
Dell ၏ Venue 8 7000 တွင်ပါဝင်သည့် ဘက်ထရီမှာ 5670 mAh ဖြစ်သောကြောင့် အလွန်တာရှည်ခံကြောင်း သိရသည်။
USD - 399.00

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com