2/25/2015

♪ တန်ဖိုး - ကျပ် ၁၅၆,၀၀၀ တန်သည့် - Lenovo A5500-HV ရဲ့ အားသာချက် ၊ အားနည်းချက် ၊ သုံးသပ်ချက် နှင့် အသေးစိတ်ဖော်ပြချက်များ ♫

အားသာချက်
Lenovo A5500-HV ဟာပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ လှပတဲ့ပုံစံဖြင့် ပြုလုပ်ထားပြီး ကိုင်ဆောင် အသုံးပြု ရတာလည်း သက်တောင့်သက်သာ ရှိမှာဖြစ်ပါတယ်။ SIM Card Slot ပါဝင်တဲ့အတွက် Mobile Data Network ကို အသုံးပြုနိုင်မှာဖြစ်ပြီး၊ ဈေးနှုန်းချိုသာတဲ့ Tablet အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။

အားနည်းချက်
ဈေးနှုန်းသက်သာတဲ့ Tablet တစ်ခုဖြစ်တာကြောင့် ထူးခြားတဲ့ နည်းပညာတွေကိုတော့ ဒီ Tablet မှာ တွေ့မြင်ရမှာ မဟုတ်ပါဘူး။

သုံးသပ်ချက်
Lenovo A5500-HV ဟာသပ်ရပ်တဲ့ ဒီဇိုင်းပုံစံနဲ့ ဖွဲ့ စည်းထားတာကို တွေ့မြင်ရမှာဖြစ်ပြီး၊ Speaker ကိုလည်း မျက်နှာပြင်အထက် ပိုင်းမှာတပ်ဆင် ထားပါတယ်။ မြင်ကွင်း အရွယ်အစားကတော့ ၈ လက်မရှိမှာ ဖြစ်တဲ့အတွက် မြင်ကွင်းကျယ်ကျယ် အသုံးပြုလို သူများအတွက်တော့ စိတ်တိုင်းကျစေမယ့် Tablet တစ်မျိုးလည်း ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်
Chipset အမျိုးအစားမှာMediatek MT8382 ဖြစ်ပြီး Quad Core Processor ကို အသုံးပြုထားပါတယ်။ Processor ရဲ့အမြန်နှုန်းကတော့ 1.3 GHz ရှိမှာဖြစ်ပါတယ်။ Data တွေ သိမ်းဆည်းဖို့ အတွက် 8GB ပမာဏရှိတဲ့ Storage ကိုထည့်သွင်း ပေးထားပါတယ်။ External Storage အနေနဲ့ 32GB ပမဏရှိတဲ့ Micro SD ကိုထပ်မံ ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။ GSM,WCDMA Sim Card များကို ထည့်သွင်းအသုံးပြု နိုင်ရန်အတွက် စီစဉ်ဖန်တီး ပေးထားပါတယ်။ Tablet ကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android 4.4 ဖြစ်တဲ့ Kitkat Version ကိုအသုံးပြု ထားပါတယ်။ IPS Capacitive Touchscreen ကိုအသုံးပြုထားပြီး Resolution ကတော့ 1280 x 800 resolution ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ Dual Camera ကိုအသုံးပြုထားပြီး အရှေ့ဘက် ကင်မရာဟာ 2 Megapixels ရှိမှာဖြစ်ပြီး အနောက်ဘက် ကင်မရာကတော့ 5 Megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာ Li-ion Battery ကို အသုံးပြုထားပြီး၊ ဘက်ထရီ ပမာဏကတော့ 4200mAh ရှိမှာဖြစ်ပါတယ်။

ဒီဇိုင်း
Lenovo A5500-HV ဟာအဖြူရောင်ကို အသုံးပြုထားပြီး သန့်ရှင်းသပ်ရပ်တဲ့ ဒီဇိုင်းပုံစံမျိုး ရှိတာကြောင့် သုံးစွဲသူတွေ စိတ်တိုင်းကျစေနိုင်မယ့် Tablet အမျိုးအစား တစ်ခုဖြစ်တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဆက်သွယ် ဝယ်ယူနိုင်မည့် လိပ်စာ
T-Land IT, Digital & Mobile
ဆက်သွယ်နိုင်မည့်ဖုန်း
၃၉၈၃၄၃

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com