2/24/2015

♪ ကျပ် ၉၅,၀၀၀ တန် သင့်တင့်တဲ့ - Colorfly G708 ♫

အားသာချက်
SIM Card ထည့်သွင်း အသုံးပြု နိုင်တဲ့အတွက် ခရီးသွားလာလေ့ ရှိသူများ အလွယ်တကူ သယ်ယူပြီး Mobile Data ကိုသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည် ကောင်းမွန်ပြီး ပါးလွှာတဲ့ ဒီဇိုင်းနဲ့ ဖွဲ့စည်း တည်ဆောက် ထားတာကိုလည်း တွေ့မြင်ရမှာ ဖြစ်သလို၊ ဈေးနှုန်းကလည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူ အသုံးပြု နိုင်မှာဖြစ်ပါတယ်။

အားနည်းချက်
ကင်မရာပိုင်းမှာ Megapixel အမြင့်မား ကြီးမဟုတ်ဘဲပုံမှန် အသုံးပြု နိုင်လောက်စေရန်သာ ထည့်သွင်း ပေး ထားပါတယ်။ နည်းပညာ ပိုင်းမှာလည်း ထူးခြားတဲ့ နည်းပညာသစ်တွေ ပါဝင်လာတာကို တွေ့ရမှာတော့ မဟုတ်ပါဘူး။

သုံးသပ်ချက်
Colorfly G708 ဟာသပ်ရပ်တဲ့ ဒီဇိုင်းပုံစံနဲ့ ဖွဲ့စည်းထားတာကို တွေ့မြင်ရမှာဖြစ်ပြီး၊ Speaker ကိုလည်း မျက်နှာပြင် အထက်ပိုင်းမှာ တပ်ဆင်ထားပါတယ်။ ရုပ်ထွက် အရည်အသွေး ကောင်းမွန်အောင် အထောက်အပံ့ ပေးထားတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ မြင်ကွင်း အရွယ်အစားကတော့ ၇ လက်မ ရှိမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်
MediatekMTK6592Octa Core Processor ကို အသုံးပြုထားပြီး Processor ရဲ့ အမြန်နှုန်းကတော့ 1.2 GHz ရှိမှာဖြစ်ပါတယ်။ RAM ကို 1GB ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ GSMSim Card ကိုထည့်သွင်း အသုံးပြုနိုင်ရန်အတွက် စီစဉ်ဖန်တီး ပေးထားပါတယ်။ Micros SD Card ကို 32GB အထိ အထောက်အပံ့ ပေးနိုင်မှာ ဖြစ်ပါတယ်။ Tablet ကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android 4.4 ဖြစ်တဲ့ KitKat Version ကိုအသုံးပြု ထားပါတယ်။ IPS Capacitive Touchscreen ကိုအသုံးပြုထားပြီး Resolution ကတော့ 1280 x 800 resolution ရှိမှာဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ Dual Camera ကိုအသုံးပြုထားပြီး အနောက်ဘက် ကင်မရာမှာ2.0 Megapixels ရှိမှာဖြစ်ပါတယ်။ အရှေ့ဘက် ကင်မရာကတော့ 0.3 Megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာ Stand by အနေနဲ့ အသုံးပြုမယ် ဆိုရင်တော့ နာရီ ၈၀ ခန့် ထားနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ အမျိုးအစားမှာ Li-polymer ဘက်ထရီ အမျိုးအစားဖြစ်ပြီး Battery Capacity မှာ 3000mAh ရှိမှာ ဖြစ်ပါတယ်။ အလေးချိန်မှာလည်း၂၈၈ ဂရမ်သာ ရှိမှာဖြစ်ပါတယ်။

ဒီဇိုင်း
ရိုးရှင်းတဲ့ ဒီဇိုင်းသွင်ပြင်နဲ့ ကျယ်ပြန့်တဲ့ မျက်နှာပြင်ကြောင့် Colorfly G708 ဟာစွဲမက်ဖွယ် ဒီဇိုင်း ရှိမှာ ဖြစ်ပါတယ်။ အဖြူရောင် မျက်နှာပြင်သားကို အပြာရောင် ဘောင်ကွပ် ပေးထားတဲ့အတွက် အမြင်လှပ တဲ့ ဒီဇိုင်းပုံစံ တစ်ခုလည်း ဖြစ်ပါတယ်။

ဈေးနှုန်း
ကျပ် ၉၅,၀၀၀

ဆက်သွယ်ဝယ်ယူ နိုင်မည့်လိပ်စာ
T-Land IT, Digital & Mobile
ဆက်သွယ်နိုင်မည့်ဖုန်း
၃၉၈၃၄၃

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com