2/25/2015

♪ Samsung Galaxy Grand 3 ကို အိန္ဒိယတွင် ရောင်းချတော့မည် ♫

2

Samsung က အိန္ဒိယတွင် Galaxy Grand 3 ကို “ The Grandest Ever” စမတ်ဖုန်း အဖြစ် ကြော်ညာ လိုက်ပါသည်။

Samsung Galaxy Grand 3 ၏ Specification များကို ကြေညာခြင်း မရှိသေးသော်လည်း ထွက်ပေါ်နေသော သတင်းများအရ Grand 3 တွင် ၅.၂၅ လက်မ 720p Display , 1.2GHz Quad-Core CPU ပါသော Snapdragon 410 Chipset , 1.5GB RAM, Android 4.4.4 KitKat ပါရှိမည် ဖြစ်သည်။

မျက်နှာချင်းဆိုင်တွင် 5MP Camera နှင့် အနောက်ဘက်တွင် 13MP Camera တပ်ဆင်ထားမည် ဖြစ်သည်။ ကင်မရာနှစ်လုံးစလုံးသည် 1080p Video များကို ရိုက်ကူးနိုင်ပါသည်။ 16GB ပါရှိပြီး အသုံးပြုသူအတွက် 12GB ကျန်ရှိမည် ဖြစ်သည်။ Grand 3 သည် ယခင်မျိုးဆက်များထက် ပါးလွှာပြီး ပေါ့ပါးမည် ဖြစ်သည်။

Grand 3 ကို Snapdeal မှ ရောင်းချမည် ဖြစ်သော်လည်း ဈေးနှုန်းနှင့် ရောင်းချမည့် နေ့ရက်နှင့် ပတ်သက် သည့် သတင်းအချက်အလက်များကို မသိရသေးပါ။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com