2/27/2015

♪ Microsoft က Windows Phones များအတွက် Windows 10 Preview ကို ဖြန့်ချီ ♫

1

ဝင်းဒိုးဖုန်းများအတွက် Windows 10 ပထမဆုံးဗားရှင်းကို Microsoft က ဖြန့်ချီပေးလိုက်ပြီ ဖြစ်သည်။ အဆိုပါ ဗားရှင်းတွင် စဉ်ဆက်မပြတ် အချက်ပေးမှုများ၊ ပိုမိုကောင်းမွန်သော Speech-to-Text စွမ်းဆောင်ချက်၊ Action Center, ဓါတ်ပုံ App အသစ်နှင့် Start Screen ရှိ နောက်ခံကို နှစ်သက်သည့် ဓါတ်ပုံ ထားရှိနိုင်သည့် ရွေးချယ်မှုများ အပါအ၀င် Microsoft က Windows 10 Event တွင် ပြသခဲ့သော စွမ်းဆောင်ချက်များ ပါရှိပါသည်။

နောက်ထွက်မည့် ဗားရှင်းများတွင် Universal Microsoft Office Apps, Outlook, Skype တို့ ပါရှိမည် ဖြစ်သည်ဟု Microsoft က ပြောပါသည်။ Microsoft က Windows 10 Preview Version ကို အကန့်အသတ်ဖြင့် ဖြန့်ချီပေးလိုက်ပြီး ပြသာနာများ ရှိနိုင်သည့်အတွက် သတိထားရန် အသိပေးထားပါ သည်။

Microsoft ၏ Windows Insider Program တွင် အဖွဲ့ဝင်ထားသူများက Preview Version ကို ဒေါင်းလုပ်ရယူနိုင်သော်လည်း လက်ရှိတွင် 630, 638, 635, 730, 636 ,830 စသည့် Lumia Device ခြောက်ခုတွင်သာ အသုံးပြုနိုင်မည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com