2/25/2015

♪ Blogger platform မှ လိင်အသားပေး ဖော်ပြမှုများကို Google တားမြစ် ♫


Google သည် ၎င်း၏ Blogger platform မှ လိင်ဆက်ဆံမှု အသားပေး အကြောင်းအရာများ ဖော်ပြခြင်းကို တားမြစ်မည့် မူဝါဒသစ်တစ်ရပ်အား ကြေညာခဲ့သည်။

သုံးစွဲသူများသည် မတ်လ ၂၃ ရက်မှ စတင်ကာ Blogger ပေါ်တွင် လိင်ဆက်ဆံမှုကို ပြည့်စုံရှင်းလင်း စွာ ဖော်ပြထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများ ဝေမျှခြင်းနှင့် အဖော်အချွတ်ပုံများ ပြသခြင်းတို့ကို ပြုလုပ်နိုင် မည် မဟုတ်ကြောင်း Google ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။

သို့သော်လည်း အနုပညာဖန်တီးမှုများ၊ ပညာရေးဆိုင်ရာ၊ သတင်းမှတ်တမ်းနှင့် သိပ္ပံဆိုင်ရာ အကြောင်း အရာကဲ့သို့သော အများပြည်သူ အကျိုးရှိစေမည့် content များကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း Google မှ ဖော်ပြခဲ့သည်။

လိင်အသားပေး အကြောင်းအရာများကို ဝေမျှသည့် Blogger သုံးစွဲသူများ၏ content များကို Google က ဖျက်ပစ်မည် မဟုတ်သော်လည်း ၎င်းပိုင်ရှင်များကို ပိုင်ရှင်နှင့် admin မှလွဲ၍ မည်သူတစ်ဦး တစ်ယောက်မျှ မြင်တွေ့ရတော့မည် မဟုတ်ပေ။

၂၀၁၅ ခုနှစ် မတ်လ ၂၃ ရက် မတိုင်မီ blog ကို ဖန်တီးသူများသည် Google ၏ မူဝါဒသစ် အရ ရွေးချယ်မှုအချို့ ပြုလုပ်နိုင်မည် ဖြစ်သည်။ ပထမ ရွေးချယ်မှုမှာ စည်းကမ်းချိုးဖောက်သည့် content များကို ဖယ်ရှားခြင်းဖြစ်သည်။ ထိုသို့ ဖယ်ရှားပါက blog ကို private အဖြစ် သတ်မှတ်မည် မဟုတ်ပေ။ အကယ်၍ လိင်အသားပေး အကြောင်းအရာ သို့မဟုတ် ဂရပ်ဖစ်များကို Blogger တွင် ဆက်လက်တင် မည်ဆိုပါက blog ကို private အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း Google မှ ပြောကြားခဲ့သည်။ တတိယ ရွေးချယ်မှုမှာ Blogger ကို စွန့်ပစ်ပြီး အခြား platform သစ်တစ်ခုကို ရှာဖွေ အသုံးပြုခြင်းဖြစ် သည်။ Blog မှာ content များကို .xml file သို့မဟုတ် Google Takeout ဖြင့် အသုံးပြုကာ export လုပ်နိုင်သည်။

၂၀၁၅ ခုနှစ် မတ်လ ၂၃ ရက် နောက်ပိုင်းတွင် blog ကို ဖန်တီးသူများသည် Google ၏ စည်းကမ်းသစ်များကို ချိုးဖောက်ထားပါက အဆိုပါ blog ကို ဖယ်ရှားသွားမည် ဖြစ်ကြောင်း Google မှ သတိပေးခဲ့သည်။

Ref: PCMag

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com