2/23/2015

♪ HTC One M9 ၏ ဓာတ်ပုံနှင့် အချက်အလက်များ ထွက်ပေါ်လာ ♫


တရုတ်(တိုင်ပေ) ကုမ္ပဏီ HTC ၏ မျိုးဆက်သစ် Android စမတ်ဖုန်းဖြစ်သော One M9 ၏ ဓာတ်ပုံနှင့် အချက်အလက်များတွင် တရားဝင် မိတ်ဆက်ကြေညာခြင်း မပြုမီ ထွက်ပေါ်လာခဲ့သည်။

အဆိုပါ One M9 စမတ်ဖုန်းတွင် 1080p resolution ဖြင့် ဖော်ပြပေးနိုင်သည့် ၅ လက်မအရွယ် display ပါဝင်ပြီး 2GHz octa-core Snapdragon 810 proceossor, 3GB RAM နှင့် 32GB သိုလှောင်မှုတို့ ပါဝင်သည်။ MicroSD မှတစ်ဆင့် သိုလှောင်မှုကို 128GB အထိ တိုးမြှင့်နိုင်သည်။

UltraPixel ကင်မရာကိုလည်း ဖုန်း၏ အရှေ့ဘက်တွင် အသုံးပြုထားပြီး ကျောဘက်ကင်မရာတွင် 20-megapixel sensor သစ်ကို အသုံးပြုထားသည်။ ဘက်ထရီမှာ 2900mAh ဖြစ်သည်။ Operating system အနေဖြင့် Android 5.0 Lollipop ကို Sense 7 software သစ်နှင့် တွဲဖက်အသုံးပြုထားသည်။ HTC One M9 ကို ဂျာမနီတွင် ယူရို ၇၄၉ ဖြင့် ရောင်းချမည်ဟု ဖော်ပြထားသည်။

One M9 ကို မတ်လ ၁ ရက်တွင် ဘာစီလိုနာ၌ ကျင်းပသည့် Mobile World Congress တွင် မိတ်ဆက်ရန် စီစဉ်ထားကြောင်း သိရသည်။

Ref: TheVerge
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com