ISIS
ကို ထောက်ခံသည့် ဟက်ကာများသည် Newsweek ၏ Twitter account ကို
တိုက်ခိုက်ကာ အမေရိကန်သမ္မတ ကတော် မီရှယ်အိုဘားမားကို ခြိမ်းမြောက်သည့်
tweet ရေးသားခဲ့ကြောင်း သိရသည်။
CyberCaliphate ဟုခေါ်သည့် ဟက်ကာအဖွဲ့သည့် Newsweek ၏ profile နှင့် banner ဓာတ်ပုံများကို လဲလှယ်ကာ “Bloody Valentine’s Day #MichelleObama! We’re watching you, you girls and your husband! #CyberCaliphate" ဟူသော tweet ကို ရေးသားခဲ့သည်။
Newsweek ၏ ထုတ်ပြန်ကြေညာချက်တွင် အထက်ပါ တိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး ၁၄ မိနစ်အတွင်း ၎င်းတို့၏ Twitter account ကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ “အခုလို ဖြစ်ပွားခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ စာဖတ်ပရိသတ်တွေကို တောင်းပန်လိုပါတယ်။ သတင်းဌာနအနေနဲ့ လုံခြုံရေး အဆင့်မြှင့် တင်မှုတွေကို အကောင်းဆုံး ဖြစ်အောင်ပြုလုပ်ပြီး ရှေ့ဆက်သွားမှာပါ” ဟု Newsweek မှ မန်နေဂျင်း အယ်ဒီတာ ကီရာဘင်ဒရင်မ်က ပြောကြားခဲ့သည်။
အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ ဂျော့ရှ်အန်းနက်စ်ကမူ Newsweek တိုက်ခိုက်ခံရမှုအတွက် FBI မှ စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။
Ref: USAToday

InternetJournal