2/27/2015

♪ မြန်မာစာချစ်သူများ အနေဖြင့် Google Translate ကို ပါဝင်ကူညီနိုင် ♫


မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကား နှစ်မျိုးကျွမ်းကျင်သည့် မြန်မာလူမျိုးများအနေဖြင့် Google ၏ Translate ကို ပိုမိုမှန်ကန်လာစေရန် ကူညီ အားဖြည့် ပေးနိုင်ကြောင်းသိရသည်။

မြန်မာစာချစ်သူများအနေဖြင့် Google Translate ၌ မှန်ကန်မှု အားနည်းနေသည့် မြန်မာစာ ဘာသာပြန်ဆိုမှုများကို လာရောက်၍ ပြင်ဆင်ကူညီပေးကြရန် Google ၏ Product Manager ဖြစ်သူ Divon Lan က ဖိတ်ခေါ်ခဲ့သည်။ ဖန်တီးရာရုံးခန်းတည်ရှိရာ (MAC တာဝါ - ကုန်သည်လမ်း ) ၌ မြန်မာစာ ဘာသာပြန်ဆိုမှုများကို စုဝေးပြင်ဆင်ကြမည်ဖြစ်ပြီး မြန်မာစာချစ်သူများ လာရောက်ကြရန် Google က ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

"စကားလုံးဘယ်လောက်အထိ မှန်ကန်အောင် ပြင်ဆင်နိုင်မယ်ဆိုတာတော့ မပြောနိုင်ဘူး။ လာရောက်မယ့် လူအရေအတွက်ပေါ်လည်း မူတည်သေးတယ်" ဟု Divon Lan ကပြောသည်။

ယခုလ ၂၈ ရက်တွင် မြန်မာစာ ဘာသာပြန်ဆိုမှုကို ပထမဦးဆုံးအကြိမ် စုဝေးပြုလုပ်ကြမည်ဖြစ်ကြောင်း၊ လာရောက်သူများအနေဖြင့် ကိုယ်ပိုင် Laptop များ ယူဆောင်လာပါက ပိုမိုကောင်းမွန်ကြောင်း ဖန်တီးရာ အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com