2/24/2015

♪ HTC Desire 626 ကို ထိုင်ဝမ်တွင် ရောင်းချ ♫

2

HTC က Desire 626 ကို ထိုင်ဝမ်တွင် ကြေညာလိုက်ပါသည်။

HTC Desire 626 တွင် ငါးလက်မ 720p Display , 1.2GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 410 Chipset , 1GB RAM ပါရှိပါသည်။ 16GB Internal Storage အပြင် microSD Card ထည့်သွင်းနိုင်ပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 5MP Camera တပ်ဆင်ထားပြီး ကင်မရာနှစ်လုံးသည် 1080p Video များကို ရိုက်ကူးနိုင်ပါသည်။

2000mAh Battery ကို အသေတပ်ဆင်ထားပြီး 3G ဆက်သွယ်မှုဖြင့် ဖုန်းပြောဆိုလျှင် နာရီ သုံးဆယ်နှင့် Standby ထားရှိလျှင် နာရီ ၇၆၀ အသုံးခံပါသည်။ Bluetooth 4.0, WiFi 802.11n with DLNA ဆက်သွယ်မှုများ ပါရှိပါသည်။ LTE ဆက်သွယ်မှုကို အထောက်အပံ့ပေးပါသည်။

HTC Desire 626 ကို ထိုင်ဝမ်တွင် ဒေါ်လာ ၁၉၀ ဖြင့် ရောင်းချပေးနေပြီး အပြာရင့်နှင့် အဖြူရောင် များ ရွေးချယ်နိုင်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com