2/09/2015

♪ စမတ်ဖုန်းအက်ပလီကေးရှင်းကြောင့် အသက်ရှင်ခွင့်ရ ♫


အမေရိကန်ပြည်ထောင်စု မစ်ချီကန်ပြည်နယ်မှာ ထူးထူးခြားခြား ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။ တစ်နေ့မှာတော့ သားသမီးနှစ်ယောက်နေတဲ့ အိမ်မှာ သမီးဖြစ်သူက သူငယ်ချင်းတစ် ယောက်ကိုဖိတ်ပြီး ညပိုင်းပါတီတစ်ခု ကျင်းပခဲ့ပါတယ်။

နံနက်၅နာရီရောက်တဲ့အခါ မှာ မိခင်ဖြစ်သူက နိုးလာခဲ့ပြီး ခေါင်းမ ကြည်လင် ကိုက်ခဲမှုဝေဒနာ . ကြောင့်ခေါင်းကိုက်ပျောက်ဆေးသောက်ပြီး အိပ်ရာ ပြန်ဝင်ခဲ့ပါတယ်။

မကြာခင်မှာပဲ အိမ်က သမီးဖြစ်သူနဲ့ မိန်းကလေးသူငယ်ချင်း အဖော်တွေ အားလုံးဟာလည်း အလား တူဝေဒနာမျိုး ခံစားကြရတယ်လို့ ပြော ဆိုကြပါတယ်။

အစမှာတော့ အိမ်ကိုအလည် ရောက်လာတဲ့ သမီးရဲ့ သူငယ်ချင်းမိန်း ကလေးတွေက မိဘတွေထည့်ပေး လိုက် တဲ့ အစားအသောက်ဘူးတွေထဲမှာ အဆိပ် အတောက်ပါဝင်တယ်လို့ သံသယဖြစ် ခဲ့ကြပါ တယ်။ နောက်မှာတော့ သမီးဖြစ် သူက i Triage လို့ခေါ်တဲ့ ဖုန်းအက်ပလီ ကေးရှင်းနဲ့ စစ်ဆေးကြည့် လိုက်တဲ့ အခါ ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်တယ် လို့ သိခဲ့ရပြီး အရေးပေါ် ဆေးဝါးကုသမှု ခံယူဖို့ လိုနေပြီလို့လည်း သိခဲ့ရပါတယ်။

အကြောင်းကြားချက်ကြောင့် ရောက်လာတဲ့ မီးသတ်သမားတွေက စစ်ဆေးတဲ့အခါ နေအိမ်အတွင်း ကာဗွန် မိုနောက်ဆိုက်ဓာတ်ငွေ့ဟာ လူ့အသက် သေစေနိုင်တဲ့အဆင့်အထိ မြင့်တက်နေ တာကို တွေ့ရှိခဲ့ရပြီး ဒီအတိုင်းသာ ကြာ ကြာဆက်နေခဲ့ရင် အသက်ပါဆုံးရှုံးနိုင် တယ်လို့ မီးသတ်သမားတွေကဆိုပါတယ်။

မီးသတ်သမားတွေက နေအိမ် မှာလည်း ကာဗွန်မိုနောက်ဆိုက် တိုင်းတာတဲ့ကိရိယာကို တပ်ဆင်ပေးခဲ့ တယ် လို့ အိမ်ပိုင်ရှင်မိခင်ဖြစ်သူက ပြောပြပါ တယ်။ နောက်ပြီး လူတိုင်းမှာလည်း သမီး အသုံးပြုခဲ့တဲ့ i Triagre လို အက်ပလီ ကေးရှင်းမျိုး ရှိသင့်တယ်လို့ ပြောပြခဲ့ပါ တယ်။

Ref: UPI
‪#‎TheFlowerNews‬


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com