2/09/2015

♪ တိုကျိုဆိုက်ဘာလုံခြုံရေးပြိုင်ပွဲတွင် ဟက်ကာ ၉၀ ဦး ပါဝင်ယှဉ်ပြိုင်နေ ♫


 နိုင်ငံတကာဟက်ကာများ နှင့် ယှဉ်ပြိုင်ခြင်းဖြင့် ဂျပန်လူငယ် ဟက်ကာများ၏ စွမ်းရည်များ ဖော်ထုတ်ရန် ပွဲစီစဉ်သူများ၏ ရည်မှန်းချက်နှင့်အတူ ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲကို တိုကျိုမြို့တွင် ဖေဖော်ဝါရီ ၇ ရက်က စတင်ကျင်းပသည်။

 ၂၀၁၄ လုံခြုံရေးပြိုင်ပွဲ နောက်ဆုံးအကျော့ (သို့မဟုတ်) SECCON ပြိုင်ပွဲတွင် တရုတ်၊ ဂျပန်၊ ပိုလန်၊ ရုရှား၊ တောင်ကိုရီး ယား၊ တိုင်ပေနှင့် အမေရိကန် စသော နိုင်ငံများနှင့် ဒေသခုနစ်ခုမှ (၂၄)ဖွဲ့နှင့်အတူ ပါဝင်ယှဉ်ပြိုင် သူ ၉၀ ဦး ရှိခဲ့သည်။

တိုကျိုပြိုင်ပွဲမှ အနိုင်ရရှိ သော ဟက်ကာများကို ယခုနှစ် ကုန်ပိုင်းတွင် ပြုလုပ်မည့် အောင်လံလုပွဲ၌ အဆင့်တိုးမြှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

SECCON ပြိုင်ပွဲမှာ ဂျပန် လူငယ် နည်းပညာအင်ဂျင်နီယာ များ ဆိုက်ဘာလုံခြုံရေးနယ်ပယ် သို့ ပိုမိုဝင်ရောက်လာစေရန်နှင့် ၎င်းတို့၏ စွမ်းရည်များကို ကမ္ဘာ့ စင်မြင့်ထက်တွင် ပြသနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲဝင်အဖွဲ့များသည် ပြိုင်ဘက်အဖွဲ့တစ်ဖွဲ့၏ ဆိုက်ဘာ တိုက်ခိုက်မှုများကို တားဆီးရန် ကြိုးပမ်းရ မည်ဖြစ်ပြီး ဆာဗာခြောက်ခုအတွင်းရှိ သတ်မှတ် ထားသော လျှို့ဝှက်ကုတ်နံပါတ် များကို ခိုးယူရမည်ဖြစ် သည်။

ဂျပန်အခြေစိုက် ဆိုက်ဘာ လုံခြုံရေးပြိုင်ပွဲအတွက် အရည်အချင်းစစ်ပွဲများတွင် နိုင်ငံပေါင်း ၅၈ နိုင်ငံမှ ပြိုင်ပွဲဝင်စုစုပေါင်း ၄,၁၈၆ ဦး အဆင့်ဆင့် ယှဉ်ပြိုင်ခဲ့သည်။

အစိုးရအေဂျင်စီများ၊ နည်း ပညာလုပ်ငန်းများနှင့် ပညာရှင် များ၏ အကူအညီဖြင့် ပွဲစီစဉ်သူ များက ဆိုက်ဘာလုံခြုံရေးတွင် ဂျပန်မှာ အခြားနိုင်ငံများထက် နှောင့်နှေးနေသည်ဆိုသော မီဒီ ယာပုံရိပ် ကို ပြောင်းလဲသွားစေလို သည်။
7Day Daily

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com