2/09/2015

♪ အင်တာနက်မှ သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံနဲ့ ဗီဒီယိုများကို သိမ်းထားပေးမယ့် Pocket ♫

4

သင့်ရဲ့ မိုဘိုင်းဖုန်းကနေ အင်တာနက် စာမျက်နှာများမှာ သတင်း၊ ဆောင်းပါး တစ်ပုဒ်ကို ဖတ်နေတုန်း အချိန်မရတော့တဲ့ အတွက် ပြီးဆုံးအောင် မဖတ်နိုင်တော့တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ကြရဖူးမှာပါ။ အဲဒီလို အခြေအနေမှာ ဖတ်လက်စ သတင်း၊ ဆောင်းပါးကို သိမ်းထားလို့ ရရင် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီလို သိမ်းပေးထားနိုင်တဲ့ ၀န်ဆောင်မှုတွေ များစွာ ထဲက နာမည်ကြီးတစ်ခုက Pocket ဖြစ်ပါတယ်။ Pocket က သတင်း၊ ဆောင်းပါး သာမကဘဲ ဓါတ်ပုံနဲ့ ဗီဒီယိုများကိုပါ သိမ်းပေးထားနိုင်ပြီး Offline ဖတ်ရှုလို့ရအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Pocket ကို အင်စတော လုပ်ပြီးရင် သင့်ရဲ့ အီးမေးနဲ့ အကောင့်တစ်ခု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အင်တာနက်မှ သတင်းတစ်ပုဒ်ကို Pocket မှာ သိမ်းဖို့အတွက် ဘရောက်စာကို ဖွင့်ပါ။ ဥပမာ အနေနဲ့ Myanmar Digital Life ၀က်ဆိုက် ဖြစ်တဲ့ www.myanmardigitallife.com ကိုသွားပြီး သိမ်းချင်တဲ့ သတင်းတစ်ပုဒ်ကို ဖွင့်ပါ။

1

Android Phone ရဲ့ Menu ခလုတ်ကို နှိပ်ပြီး Share Page ကိုနှိပ်ပါ။

2

Share Via Menu ပေါ်လာရင် Add to Pocket ကို နှိပ်ပါ။

3

ဒါဆိုရင် အဲဒီသတင်းကို Pocket က ဒေါင်းလုပ်ပြုလုပ်လိုက်မှာ ဖြစ်ပြီး Pocket App မှာ Offline ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုမှတ်ထားရမှာက သိမ်းထားတဲ့ သတင်း၊ ဆောင်းပါးနဲ့ ဓါတ်ပုံများကိုသာ Pocket က Offline ကြည့်နိုင်အောင် သိမ်းပေးထားမှာ ဖြစ်ပြီး ဗီဒီယိုများကိုတော့ အင်တာနက် ဆက်သွယ်မှုရှိမှသာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။

4

Pocket ရဲ့ Main Page မှာ သိမ်းထားတဲ့ သတင်း၊ ဆောင်းပါး ၊ ဓါတ်ပုံများကို ပြသပေးထားပါတယ်။ သတင်းတစ်ပုဒ်ကို အပြည့်အစုံဖတ်ရှုဖို့အတွက် တစ်ချက်နှိပ်ပါ။

5

သတင်းကို ဖတ်ပြီးလို့ Archive ထဲထည့်ချင်ရင် အပေါ်ထိပ်မှ အမှန်ခြစ်ပုံကို နှိပ်ပါ။ ကြယ်ပုံကို နှိပ်ရင်တော့ Favorite ထဲမှာ သိမ်းပေးထားမှာ ဖြစ်ပါတယ်။ Share ခလုတ်ကိုနှိပ်ပြီး Facebook မှာ မျှဝေနိုင်သလို Send To Friend ကိုနှိပ်ရင် Pocket အသုံးပြုတဲ့ သူငယ်ချင်းတစ်ယောက်ထံ မျှဝေနိုင်မှာ ဖြစ်ပါတယ်။

6

ညာဘက်ထောင့်စွန်းမှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ရင် Menu တစ်ခုပေါ်လာမှာ ဖြစ်ပါတယ်။ Add Tags ကိုနှိပ်ပြီး သတင်းကို Tag တစ်ခုနဲ့ မှတ်သား သိမ်းထားနိုင်ပါတယ်။ သတင်းကို Pocket ထဲကနေ ဖျက်ပစ်ချင်ရင် Delete ကိုနှိပ်ပါ။

7

Main Screen ကို ပြန်သွားပြီး ဘယ်ဘက်အပေါ်ထောင့်မှ Menu ကိုနှိပ်ရင် Articles, Videos, Images စတဲ့ ကဏ္ဍများကို ပြသပေးထားမှာ ဖြစ်ပါတယ်။ ကဏ္ဍတစ်ခုချင်းစီကို သီးခြား ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Tags ကဏ္ဍမှာလည်း Tag များနဲ့ သိမ်းထားတဲ့ အရာများကို ရှာဖွေကြည့်ရှုနိုင်မှာပါ။ Favorites မှာ သင်နှစ်သက်တဲ့ အရာများကို သိမ်းပေးထားမှာ ဖြစ်ပြီး Archive မှာတော့ ဖတ်ရှုပြီးတဲ့ အရာများကို သိမ်းပေးထားမှာပါ။

8

Pocket ကို Android Phone မှာသာမကဘဲ ပီစီများနဲ့ အခြား မိုဘိုင်း ကိရိယာများအတွက်ပါ ထုတ်လုပ်ပေးထားပါတယ်။ Pocket က သိမ်းထားတဲ့ အရာများကို Device မျိုးစုံမှာ Sync လုပ်ပေးနိုင်ပါတယ်။ Pocket ဟာ အင်တာနက်မှ သတင်း၊ ဆောင်းပါးများကို ဖတ်ဖို့အချိန်မရလို့ သိမ်းထားချင်တဲ့ သူတွေအတွက်ရော ၊ အင်တာနက်မှ သတင်း၊ ဆောင်းပါးများကို ထာဝရ သိမ်းထားချင်တဲ့ သူတွေအတွက်ပါ အသုံးဝင်တဲ့ ၀န်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com