1/09/2015

♪ ရင်းနှီးပြီးသား အမှတ်တံဆိပ်၊ ပြည်တွင်းရောက်စမတ်ဖုန်းအသစ် ZTE Star 1 ♫


ဒီဖုန်းလေးကတော့ 4G Network ကို အထောက်အပံ့ပေးထားသောကြောင့် မိမိကြိုက်နှစ်သက်ရာ Operator ကို အသုံးပြုနိုင်မယ့် ZTE Star 1 ပါ။ ဒီဖုန်းမှာ အသုံးပြုထားတဲ့ CPU ကတော့ Cortex-A Quad-Core 1.6 GHz ကိုအသုံးပြုထားသောကြောင့် Application များ၊ Game များကို မြန်ဆန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Memory အနေနဲ့ RAM-2GB, ROM-16GB ကိုအသုံးပြုထားပြီး Micro SD ကို 64GB အထိတိုးမြင့်နိုင်ပါတယ်။

IPS LCD capacitive touch screen ကိုအသုံးပြုထားပြီး Multitouch စနစ်လည်းပါဝင်သောကြောင့် ထိတွေ့အသုံးပြုရတာ အလွန်ကောင်းမွန်မှာဖြစ်ပါတယ်။ မျက်နှာပြင်အကျယ်အ၀န်းပမာဏကတော့ 5 inches ဖြစ်ပြီး၊ မြင်ကွင်းစွမ်းရည်အတွက် 1080x1920 pixels ပမာဏ ထောက်ပံ့ပေးထားပါတယ်။ တစ်လက်မမှာရှိမယ့် pixels ပမာဏ သိပ်သည်းဆကတော့ (441ppi) ရှိတဲ့အတွက် ရုပ်ထွက်အရည် အသွေးကောင်းကောင်းကို ခံစားရမှာဖြစ်ပါတယ်။ အဓိက ကင်မရာသည် 8MP (3264x2448) pixels စွမ်းရည်ရှိမှာ ဖြစ်ပြီး၊ ရှေ့ကင်မရာကတော့ 5 MP စွမ်းရည်ရှိုပြီး 1080p စွမ်းရည်ဖြင့် Video ရိုက်ကူးနိုင် ပါတယ်။ ဖုန်းရဲ့ အရွယ်အစားကတော့ 139x69x6.6 mm ဖြစ်ပြီး၊ အလေးချိန်ကတော့ 130g ဖြစ်ပါတယ်။ ZTE Star I model ရဲ့ Android OS v4.4.2 (KitKat) ကိုအသုံးပြုထားပါသည်။

ထူးခြားတဲ့ လုပ်ဆောင်မှုများအနေဖြင့် ပြင်ပဆူညံသံများကို ဖယ်ရှားစစ်ထုတ်ပေးနိုင်သော Active Noise Cancellation with dedicated mic စနစ်ပါဝင်သည့် အတွက် Phone ဖြင့် သီချင်းနားထောင်မည့်သူများ အကြိုက်တွေ့နိုင်ပါသည်။ ထို့ပြင် Smart TV များနှင့် လည်း အလွယ်တကူချိတ်ဆက်အသုံးပြုနိုင်ပါသည်။ Sound System အထူးကောင်းမွန်စေသော Dolby Mobiile Sound System ကိုအသုံးပြုထားပါသည်။ အကြမ်းသော ဖုန်းမျက်နှာပြင် ဖြစ်စေသော Gorilla Glass 3 ကိုဖုံးအုပ်ပေးထားပါတယ်။

အသုံးပြုထားတဲ့ Battery ကတော့ Li-on 2300mAh ပါ။ သီချင်းနားထောင်ဖို့အတွက် ၆၁ နာရီနီးပါး၊ စကားပြောဆိုဖို့ကို ၂၁ နာရီနီးပါး နှင့် အသင့်အနေအထားဖြင့် နာရီ ၅၀၀ နီးပါး ခံနိုင်ရည်ရှိပါတယ်။ ဖုန်းမှာ အသုံးပြုရမယ့် SIM Card ကတော့ Micro SIM Card ဖြစ်ပြီးတော့ Single SIM Card အမျိုး အစားဖြစ်ပါတယ်။ ဖုန်းရဲ့ အထူကတော့ 6.6 mm သာရှိတဲ့အတွက် ပါးလွှာပြီ၊ ဖုန်းရဲ့ Design ကတော့ လှပသေသပ်တဲ့အတွက် လတ်တလော ရေပန်းစားလာတဲ့ စမတ်ဖုန်းအဖြစ် ဖော်ပြလိုက်ပါတယ်။

Techspace Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com