1/13/2015

♪ Samsung Galaxy S6 ကို ဗားရှင်းနှစ်မျိုးဖြင့် တွေ့မြင်ရဖွယ်ရှိဟုဆို ♫


Samsung သည် Galaxy S6 စမတ်ဖုန်းကို ဗားရှင်းနှစ်မျိုးဖြင့် ထုတ်လုပ်သွားမည် ဖြစ်ပြီး ဗားရှင်းတစ်မျိုးတွင် သတ္တုကိုယ်ထည်နှင့် Galaxy Note Edge ကဲ့သို့မျက်နှာပြင်ကွေး ပါဝင်လာမည် ဖြစ်ကြောင်း Business Insider မှဖော်ပြခဲ့သည်။

သတင်းများ၏ ဖော်ပြချက်အရ Samsung သည် ၎င်း၏စမတ်ဖုန်းများတွင် ပလတ်စတစ်ဒီဇိုင်းများ အသုံးပြုနေခြင်းအစား သတ္တုကိုယ်ထည်များဖြင့် ပြောင်းလဲ အသုံးပြုဖွယ်ရှိနေသည်။ သို့ရာတွင် ကုမ္ပဏီ အနေဖြင့် ထုတ်ကုန်သစ်တွင် သတ္တု ဖြင့်လည်းကောင်း သို့မဟုတ် သတ္တုနှင့် ပလတ်စတစ် ရောနှောခြင်းဖြင့် လည်းကောင်း ဒီဇိုင်းပြုလုပ်ထားခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော်လည်း အစောပိုင်းက ပေါက်ကြားထွက်ပေါ်ခဲ့သော Galaxy S6 ဓာတ်ပုံများအရ ၎င်းစမတ်ဖုန်း၏ ဘေးဘောင် များကို သတ္တုဖြင့် ဖန်တီးထားခဲ့သလို မကြာမီက မိတ်ဆက်ပေးခဲ့သော Galaxy A7 စမတ်ဖုန်းကိုလည်း သတ္တုဘေးဘောင်ဖြင့်သာ ဖန်တီးထုတ်လုပ်ခဲ့သည်။

Samsung သည် Moto 360 နှင့်ဆင်တူသော မျက်နှာပြင်ဝိုင်းသဏ္ဍာန်ရှိသည့် စမတ်နာရီသစ်ကိုလည်း မိတ်ဆက်ဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသေးသည်။ ထိုစမတ်နာရီနှင့် စမတ်ဖုန်းများကို မတ်လတွင် ပြုလုပ်မည့် Mobile World Congress တွင် ထုတ်ဖော် ပြသသွားဖွယ်ရှိကြောင်း Business Insider မှဖော်ပြခဲ့သည်။


Ref: Mashable
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com