1/13/2015

♪ MPT ၏ ၁,၀၀၀ ကျပ်တန်နှင့် ၃,၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များ စတင်ရောင်းချ ♫


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တန်ဖိုးနည်း ငွေဖြည့်ကတ်များ စတင်ရောင်းချလိုက်ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၂ ရက်မှစတင်ကာ ဈေးကွက်အတွင်းသို့ ရောင်းချခြင်းဖြစ်သည်ဟု အရောင်းဆိုင်များ မှ မေးမြန်းသိရှိရသည်။ ၁,၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များနှင့် ၃,၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များကို ပုံမှန်အရောင်းဆိုင်များနှင့် e top up အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန် ကြေညာသည်။

ထိုသို့ တန်ဖိုးနည်း ငွေဖြည့်ကတ်များ ရောင်းချခြင်းနည်းတူ ဆင်းမ်ကတ်ပျောက်ဆုံးသွားပါက ပြန် လည်လျှောက်ထားရာတွင် ယခင်က ၂၀,၀၀၀ ကျပ် ပေးသွင်းရ မည် ဖြစ်သော်လည်း ယခုအခါ ၁,၅၀၀ ကျပ်သာ ပေးသွင်းရတော့မည်ဖြစ်ကြောင်း သိရသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com