MECTEL ၏ ငွေဖြည့်ကတ်ဖြည့်သွင်းပါက အပိုငွေရရှိမည့်အစီအစဉ် ယခုလကုန်အထိ
သတ်မှတ် ထားကြောင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) မှ တာဝန်ရှိသူက
ပြောသည်။
Internet Journal
MEC ၏ အဆိုပါ အစီအစဉ်မှာ ငွေဖြည့်ကတ်ဖြည့်သွင်းပါက ၇၀ ရာခိုင်နှုန်းအထိ
အပိုငွေရရှိမည့်အစီ အစဉ်ဖြစ်သည်။ "အရင်တုန်းက ငွေဖြည့်သွင်းလို့
အပိုငွေပေးတယ် ဆိုရင် အဲဒီအပိုငွေကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း
အသုံးပြုရမှာဖြစ်ပါတယ်၊ တကယ်လို့ကိုယ်က အပိုငွေကို သတ်မှတ်ထားတဲ့
ကာလ အတွင်းမှာ မသုံးဘဲ နောက် လ အထိပါသွားမယ်ဆိုရင် အဲဒီအပိုငွေက
အလိုလျောက်ပယ်ပျက်သွားမှာပါ၊ အခုပေးတဲ့အစီအစဉ်ကတော့ အဲလိုမဟုတ်ဘူး၊
ကိုယ်ရရှိတဲ့ အပိုငွေကို အချိန်ကာလသတ် မှတ်ချက် မရှိဘဲ မကုန်မချင်း
အသုံးပြုနိုင်မှာဖြစ်ပါတယ်" ဟု အဆိုပါ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း
(MEC) မှ တာဝန်ရှိသူကပြောသည်။
နှစ်သစ်ကူးအထူးအစီအစဉ်အဖြစ် အဆိုပါအစီအစဉ်ကိုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ MECTEL အနေဖြင့် မိမိဖြည့်သွင်းသည့် ငွေဖြည့်ကတ်အပေါ်မူတည်၍ အပိုငွေများရရှိမည်ဖြစ်သည်။ ရရှိမည့် အပိုငွေများမှာ ၁၀,၀၀၀ ကျပ် ဖြည့်သွင်းပါက အပိုငွေ ၇,၀၀၀ ကျပ်၊ ၅,၀၀၀ ကျပ် ဖြည့်သွင်းပါ က အပိုငွေ ၂,၅၀၀ ကျပ်၊ ၃,၀၀၀ ကျပ် ဖြည့်သွင်းပါက အပိုငွေ ၉၀၀ ကျပ် အသီး သီး ရရှိမည်ဖြစ်ကြောင်း၊ ဇန်နဝါရီလ အတွင်း ဖြည့်သွင်းသည့် ငွေဖြည့် ကတ်အားလုံး အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။