1/05/2015

♪ GSM နှစ်ကတ်သုံး hTC 816G မော်ဒယ်သစ် စမတ်ဖုန်း ဈေးကွက်ဝင် ♫


GSM နှစ်ကတ်သုံး hTC 816G မော်ဒယ်သစ် စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူ နိုင်ပြီ ဖြစ်ကြောင်းသိရသည်။ hTC Gold ၏ ရွှေကံထူးရှင်ရွေးပွဲ အခမ်းအနားတွင် hTC Myanmar မှ အဆိုပါ 816G စမတ်ဖုန်းကို မိတ်ဆက် ပြသခဲ့ပြီး ၎င်းစမတ်ဖုန်းကို hTC ၏ အရောင်းကိုယ်စားလှယ် ဆိုင်ကြီးများနှင့် KMD တွင် တန်ဖိုး ၂၈၅,၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။

hTC 816G စမတ်ဖုန်းကို နက်ပြာ၊ လိမ္မော်၊ အဖြူ ကာလာ သုံးမျိုးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အသစ် ဝင်ရောက် လာသည့်  hTC 816G သည် GSM အမျိုးအစား ဖုန်းဖြစ်ကာ 2G နှင့် 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ဖုန်း၏ မြင်ကွင်းအကျယ် ၅.၅ လက်မရှိပြီး 1.7GHz အမျိုးအစား Octa-core CPUs ၊ Mali-400MP2 GPU စနစ်၊ သိုလှောင်မှု အတွက် 8GB နှင့် ဖုန်း၏ မှတ်ဥာဏ်ပမာဏ 1 GB RAM ရှိမည်ဖြစ်သည်။ ထို့ပြင် 13MP နောက်ကင်မရာနှင့် 5MP ရှေ့ကင်မရာများ တပ်ဆင်ထားပြီး Android OS v4.4.2 (KitKat) ကို အသုံးပြု ထားကြောင်း သိရသည်။

hTC ၏ ရွှေကံထူးရှင် ရွေးပွဲ၌ Home Mobile မှဝယ်ယူခဲ့သည့် သုံးစွဲသူ ဦးတင်မောင် (၀၉-၄၂၀၁၀၇၅၇၅) က ကျပ်သိန်း ၅၀ ကျော်တန် ၂၄ ကာရက် ရွှေအစစ် ဖြင့်ပြုလုပ်ထားသည့် hTC One Gold ကို ဆွတ်ခူးရရှိခဲ့ပြီး အရောင်း ကိုယ်စားများအနေဖြင့် HH Mobile နှင့် Evo Store မိုဘိုင်းဖုန်း အရောင်းဆိုင် တို့မှ ရရှိခဲ့သည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com