1/05/2015

♪ Dual-SIM နှင့် 4G စနစ်ပါဝင်သည့် Xiaomi Redmi 2 ♫


Xiaomi သည် Redmi/Hongmi entry-level ဖုန်း၏ ဒုတိယမျိုးဆက်ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Xiaomi Redmi 2/Hongmi 2 တွင် ၄.၇ လက်မ 720p screen ပါဝင်ပြီး 64-bit chipset အပြင် dusl-SIM/dual-4G စနစ်ကို ထောက်ပံ့ပေးထားသည်။

Redmi 2 တွင် Sharp ၏ 720p IPS screen ကို အသုံးပြုထားပြီး pixel သိပ်သည်းဆ 312ppi ရှိသည်။

အသုံးပြုထားသည့် chipset မှာ 1.2GHz Snapdragon 410 quad Cortex-A53 ဖြစ်သည်။ 1GB RAM ကို အသုံးပြုထားပြီး Xiaomi ၏ customized Android distribution ဖြစ်သော MIUI 6 ကို အသုံးပြုထားသည်။ သိုလှောင်မှုပမာဏ 8GB ပါဝင်ပြီး microSD card များမှတစ်ဆင့် 32GB အထိ အသုံးပြုနိုင်သည်။

Xiaomi Redmi 2 တွင် SIM slot နှစ်ခု ပါဝင်ပြီး ၎င်းတို့ကို 4G LTE စနစ်ဖြင့် အသုံးပြုနိုင်သည်။

အခြားသော ဆက်သွယ်မှု feature များတွင် Wi-Fi b/g/n, Bluetooth 4.0 တို့ ပါဝင်သည်။ 2,200mAh Li-Po ဘက်ထရီကို အလျင်အမြန် အားဖြည့်ပေးနိုင်သည့် QuickCharge 1.0 အတွက် microUSB 2.0 port တစ်ခုကိုလည်း ထောက်ပံ့ပေးထားသည်။

ကင်မရာအပိုင်းတွင် အဆင့်မြှင့်တင်မှု အများကြီး ပြုလုပ်ထားခြင်း မရှိပေ။ Redmi 2 ၏ အဓိက ကင်မရာမှာ 8-megapixel ဖြစ်သည်။ ၎င်းတွင် 28mm wide-angle မှန်ဘီလူးနှင့် f/2.2 aperture တို့ပါဝင်ပြီး 1080p ဗီဒီယိုကို ရိုက်ကူးနိုင်သည်။ အရှေ့ဘက်ရှိ 2-megapixel ကင်မရာမှာ 720p ဗီဒီယိုကို ရိုက်ကူးနိုင်သည်။

Xiaomi Redmi 2/Hongmi 2 ကို တရုတ်နိုင်ငံတွင် ဇန်နဝါရီ ၉ ရက်မှ စတင်ကာ အမေရိကန်ဒေါ်လာ ၁၁၀ ဖြင့် ရောင်းချမည် ဖြစ်သည်။ အခြားသော နိုင်ငံများတွင် ရောင်းချမည့် အချိန်ကို ကုမ္ပဏီမှ တရားဝင် ပြောကြားထားခြင်း မရှိသေးပေ။

Ref: GSMArena

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com