1/01/2015

♪ အရွယ်ကြီးပြီး ဈေးသက်သာသည့် BLU Studio 7.0 ♫

1

မီယာမီ အခြေစိုက် စမတ်ဖုန်း ထုတ်လုပ်သူ BLU က ဈေးသက်သာပြီး 3G ဆက်သွယ်မှုကို အသုံးပြုနိုင် သည့် Studio 7.0 Tablet ကို ကြေညာလိုက်ပါသည်။ ကုမ္ပဏီက တက်ဘလက်ကို ကမ္ဘာ့ပထမဆုံး ခုနစ်လက်မစမတ်ဖုန်းဟု ခေါ်ပါသည်။

BLU Studio 7.0 တွင် ခုနစ်လက်မ 1024×600 pixels Display တပ်ဆင်ထားပါသည်။ 1.3GHz Dual-Core CPU တပ်ဆင်ထားသော MediaTek Chipset မောင်းနှင်မည် ဖြစ်သည်။ 1GB RAM, Mali 400 GPU ပါရှိပါသည်။

8GB Storage နှင့် MicroSD Card Slot ပါရှိပါသည်။ အနောက်ဘက်တွင် 5MP Camera နှင့် မျက်နှာချင်း ဆိုင်တွင် 2MP Camera တပ်ဆင်ထားပါသည်။ Android 4.4.2 KitKat ကို ထည့်သွင်းထားပါသည်။ 3000mAh Battery တပ်ဆင်ထားပြီး အမေရိကန်တွင် Amazon မှ ဒေါ်လာ ၁၄၉.၉၉ ဖြင့် ၀ယ်ယူနိုင် ပါသည်။ အဖြူ၊ အညို၊ အပြာနှင့် ရွှေရောင်များ ရွေးချယ်နိုင်ပါသည်။
Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>