10/02/2017

♪ “Mate 10 ဟာစမတ်ဖုန်းထက် စွမ်းရည်မြင့်မားတယ်လို့ Huawei က ပြောကြား” ♫

Image may contain: phone

Huawei က အောက်တိုဘာလ ၁၆ ရက်နေ့မှာ Mate 10 စမတ်ဖုန်းကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ Huawei ဟာ Mate 10 စမတ်ဖုန်းများကိုပွဲ မတိုင်ခင်ကတည်းကကြော်ငြာနေပါတယ်။ အခုလည်း Huawei က ဗီဒီယိုတစ်ခုဖြင့် Mate 10 စမတ်ဖုန်းများရဲ့ သတင်းအချက်အလက်အချို့ ကိုပြောကြားခဲ့ပါတယ်။

Twitter မှာ မျှဝေထားတဲ့ ဗီဒီယိုမှာ Huawei က Mate 10 ဟာစမတ်ဖုန်း မဟုတ်ဘူးလို့ ရေးသားထားပါတယ်။ ဒါဟာဥာဏ်ရည်တုနည်းပညာပါတဲ့ Chip ထည့်သွင်းထားတာကိုဆိုလိုချင်တာ ဖြစ်နိုင်ပါတယ်။ Mate 10 မှာမကြာခင်ကမိတ်ဆက်ခဲ့တဲ့ Kirin 970 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရMate 10 ကိုမော်ဒယ် ၃ မျိုး ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ မော်ဒယ် ၃ မျိုးမှာ Standard Mate 10 ၊ ဘေးဘောင်မဲ့ Mate 10 Pro နဲ့ တန်ဖိုးနည်း Mate 10 Lite တို့ ဖြစ်ကြပါတယ်။

Huawei Mate 10 မှာ ၅.၉ လက်မ IPS LCD Full HD Display တပ်ဆင် ထားမယ်လို့ သတင်းထွက်နေပါတယ်။ အနောက်ဘက်မှာ Leica ရဲ့ ကင်မရာ ၂ လုံးတပ်ဆင်ထားနိုင်ပါတယ်။ Home Button အောက်မှာ လက်ဗွေရာအာရုံခံကိရိယာကို မြှုပ်နှံထားပါတယ်။

ဘေးဘောင်မဲ့ မော်ဒယ်မှာ EntireView Display တပ်ဆင်ထားမယ်လို့ သိရပါတယ်။ အဲဒီမော်ဒယ်ဟာ Mate 10 Pro ဖြစ်ပြီးမျက်နှာပြင်မှာ AMOLED အမျိုးအစား ဖြစ်ပါတယ်။ ကင်မရာဟာ Mate 10 နဲ့ တူညီနိုင်ပါတယ်။ လက်ဗွေရာအာရုံခံကိရိယာကိုအနောက်မှာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








www.pyaephyo.com