10/15/2017

♪ Ubuntu OS ပေါ်မှာ GScan2PDF ကို ဘယ်လို ထည့်သွင်းမလဲ ♫


GScan2PDF ဆိုတဲ့ ဆော့ဖ်ဝဲကတော့ Linux platform မှာ PDF တွေကို ဖန်တီးဖို့အတွက်နဲ့ DjVus file တွေကို ဖန်တီးတဲ့အခါမှာ အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကို Ubuntu OS 16.04 နဲ့ 17.04 တို့မှာ ထည့်သွင်း သုံးစွဲချင်သူတွေ အနေနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

GScan2PDF ကို Ubuntu OS မှာ ထည့်သွင်းမယ်ဆိုရင် အဆိုပါနည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။ ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ် ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

GScan2PDFကိုUbuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ ထည့်သွင်းရမယ့် command တွေကတော့ –
sudo add-apt-repository ppa:jeffreyratcliffe/ppa
sudo apt-get update
sudo apt-get install gscan2pdf
ဆိုတဲ့ command တွေကို ထည့်သွင်းရပါမယ်။ အဆိုပါ command တွေကို ထည့်သွင်း ပြီးပြီဆိုရင် သက်ဆိုင်ရာ packageတွေကို download လုပ်ယူမှာဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်း ပေးရပါမယ်။ ပြီးရင် အဆိုပါ ဖိုင် တွေကို တစ်ခါတည်း ထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။

တကယ်လို့ အဆိုပါ ဆော့ဖ် ဝဲကို အသုံးမပြုလိုတော့ဘူးဆိုရင် sudo apt-get remove –autoremove gscan2pdf ဆိုတဲ့ ဆော့ဖ်ဝဲကို အသုံးပြုပြီး ဖယ်ရှားရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။




-သီဟ
Credit to ==> Internet Journal











www.pyaephyo.com