10/29/2017

♪ Xiaomi က မြန်မာငွေ ၁ သိန်းဝန်းကျင်တန် Redmi 5A ကို ကြေညာ ♫


ရှောင်မီက တန်ဖိုးအလွန်နည်းပါးတဲ့ Redmi 5A ကို မိတ်ဆက်လိုက်ပါတယ်။ ၉၁ ဒေါ်လာသာ တန်ကြေးရှိပြီး မြန်မာငွေ အားဖြင့် ၁၀၀ ၀၀၀ ၀န်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။ Android Smartphone များထဲမှာတော့ ဈေးအသက်သာဆုံး ဖုန်းများထဲမှ တစ်လုံး ဖြစ်ပါတယ်။ 

သူ့မှာ ၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 425 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ MIUI 9 အသစ်ကို ထည့်သွင်းထားပါတယ်။ RAM ကတော့ 2GB နဲ့ Internal Storage ကတော့ 16GB ဖြစ်ပါတယ်။ microSD Card စိုက်နိုင်ပေမယ့် Hybrid Dual SIM Slot ဖြစ်ပါတယ်။ 

အနောက်ဘက်မှာ f/2.2 ပါတဲ့ 13MP Camera နဲ့ အရှေ့ဘက်မှာ f/2.0 ပါတဲ့ 5MP Camera တပ်ဆင်ထားပါတယ်။ တစ်စက္ကန့်လျှင် ဖရိမ် ၃၀ နှုန်းဖြင့် Full HD Video များကို ရိုက်ကူးနိုင်ပါတယ်။ Redmi 5A ဟာ Redmi 4A ထက်များစွာ အဆင့်မြင့်မားခြင်း မရှိပါဘူး။ အရွယ်အစားမှာ တူညီပြီး ဘက်ထရီအပိုင်းမှာ 3000mAh Battery ထည့်သွင်းထားတဲ့အတွက် 100mAh လျော့နည်းသွားပါတယ်။ 

Redmi 5A ဟာ တန်ဖိုးနည်း စမတ်ဖုန်း ကိုင်ဆောင်ချင်သူများအတွက်တော့ ရွေးချယ်စရာတစ်ခုပါ။ တရုတ်မှာ ကြိုတင်မှာယူမှုများကို ပြုလုပ်နိုင်ပါပြီ။ Xiaomi Mall, JD.com , Lynx တို့ အပါအ၀င် အခြား အွန်လိုင်းစတိုးများမှာလည်း ရောင်းချမှာပါ။



Credit to ==> DigitalTimes.com.mm



www.pyaephyo.com