10/29/2017

♪ 6GB RAM အပြင် မတူညီတဲ့ ဗားရှင်း ၃ မျိုးနဲ့ထွက်လာမယ့် OPPO F5 ♫


ပြီးခဲ့တဲ့အပတ် OPPO F5 မိတ်ဆက်မယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ အနေနဲ့ မျိုးဆက်သစ် Selfie Expert ဖြစ်တဲ့ OPPO F5 စမတ်ဖုန်းရဲ့မူကွဲတွေနဲ့ အချက်အလက်တွေကိုပါ သိရှိခဲ့ရပါ တယ်။ ထိုင်းနိုင်ငံမိုဘိုင်းဈေးကွက်နေ တက်လာတဲ့ဓာတ်ပုံအရ OPPO F5 ဟာတမျိုးထက်ပိုတဲ့ မူကွဲဗားရှင်းတွေ နဲ့ထွက်လာမှာပါ။ OPPO ရဲ့အသစ်ထွက်လာမယ့် စမတ်ဖုန်းမှာ OPPO F5 6GB RAM ဗားရှင်းနဲ့အတူ Oppo F5 Youth ဆိုတဲ့ဈေးသက်သာတဲ့ အမျိုးအစားကိုပါရရှိနိုင်မှာဖြစ်ပါတယ်။ 

OPPO F5 မူလဖုန်းဟာ 4GB RAM နဲ့အတူ 20MP Selfie ကင်မရာနဲ့ဖြစ်ပြီး၊ကင်မရာမှာတော့ အရှေ့ကင်မရာနဲ့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက် “AI Beauty” ဆိုတဲ့လုပ်ဆောင်ချက် ထည့်သွင်းပေးထားပါ တယ်။ OS ပိုင်းမှာတော့အနည်းငယ် နိမ့်နေပြီလို့သတ်မှတ်နိုင်တဲ့ Android Marshmallow 6.0 ကိုသုံးနိုင်မှာဖြစ် ပါတယ်။ မျက်နှာပြင်ပိုင်းမှာ အခုနောက်ဆုံးပေါ်ဖုန်းတွေမှာ သုံးနေတဲ့ 18:9 FullView display ဖြစ်ပြီး 2160 x 1080 resolution ပုံရိပ်ဖော်ပြနိုင်စွမ်းရှိမှာပါ။ 

Oppo F5 6 GB မှာတော့ 6 GB RAM သာဖြစ်သွားမှာဖြစ်ပြီး အခြားအချက်လက်တွေကတော့ OPPO F5 မူလဖုန်းနဲ့ဆင်တူမှာဖြစ်ပါတယ်။ Oppo F5 Youth မှာတော့ Oppo F5 ထက်အနည်းငယ်အဆင့်နိမ့်တဲ့ အချက်အလက်တွေပါဝင်မှာဖြစ်ပြီး Selfie ကင်မရာကိုလည်း 16MP Sensor ကိုသာသုံးထားပါမှာဖြစ်ပါ တယ်။ သို့ပေမယ့်အခြားသောလုပ်ဆောင်ချက်တွေဖြစ်တဲ့ Facial Unlock စနစ်တဲ့ အလိုအလျောက် ပြင်ဆင်နိုင်တဲ့ Beauty Filters တွေကိုတော့သုံးနိုင်ပါလိမ့်မယ်။

 ကြော်ငြာထားတဲ့ပိုစတာမှာ ထပ်မံပြသချက်တွေကတော့ ကြိုတင်မှုယူသူတွေကို အထူးအခွင့်အရေး အနေနဲ့ OPPO အိတ်နဲ့အတူ ထူးခြားတဲ့လက်ဆောင်အိတ်ကိုပေးသွား မှာဖြစ်တယ်လို့ ဆိုပါတယ်။ F5 ဟာ Oppo ရဲ့ပထမဦးဆုံး 18: 9 အချိုးနဲ့ထွက်လာမယ့်စမတ်ဖုန်းလည်းဖြစ်ပါ တယ်။



Credit to ==> DigitalTimes.com.mm



www.pyaephyo.com