10/02/2017

♪ “Huawei က ကင်မရာလေးလုံးနဲ့ FullView Display ပါတဲ့ Nova 2i ကို မိတ်ဆက်” ♫

Image may contain: phone

Huawei က မလေးရှားမှာကင်မရာလေးလုံးနဲ့ FullView Display ပါတဲ့ Nova 2i ကိုမိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်ကတော့ Nova 2i ဖြစ်ပြီး မကြာခင်ကတရုတ်မှာကြေညာခဲ့တဲ့ Huawei Maimang 6 ရဲ့ နိုင်ငံတကာဗားရှင်း ဖြစ်ပါတယ်။

Nova 2i မှာ ၅.၉ လက်မမျက်နှာပြင် တပ်ဆင်ထားပြီး Resolution ကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး ။စကရင်အချိုးမှာ 18:9 ဖြစ်ပါတယ်။FullView Display တပ်ဆင်ထားတဲ့အတွက် မျက်နှာပြင် ဘေးဘောင်များဟာအလွန် ပါးလွှာကြပါတယ်။

Nova 2i ရဲ့ အရှေ့ဘက်မှာ13MP+2MP Cameras များနဲ့ အနောက်ဘက်မှာ16MP+2MP Cameras များတပ်ဆင်ထားပါတယ်။ Fingerprint Scanner ကိုလည်းအနောက်ဘက်မှာထည့်သွင်းပေးထား ပါတယ်။ ကင်မရာ ၂ လုံးတွဲစနစ်ကထူးခြားတဲ့ Effects များကိုဖန်တီး ပေးနိုင်ကြ ပါတယ်။

Nova 2i မှာOcta-Core Kirin 659 Chipset , 4GB RAM , 64GB Internal Storage ထည့်သွင်းထားပါတယ်။3340mAh Battery တပ်ဆင်ထားပြီး Android 7.0 Nougat အခြေပြု EMUI 5.1 ထည့်သွင်း ထားပါတယ်။ သူ့မှာ Gestures Controls များကိုထည့်သွင်းပေးထား ပါတယ်။ S ပုံသဏ္ဍာန် ရေးဆွဲလိုက်တာနဲ့ Screenshot ရိုက်ကူးပေးခြင်း၊ လက်နှစ်ချောင်းဖြင့် စကရင်ကို နှစ်ချက်နှိပ်ရင် Screen Recording ခြင်းစတဲ့ ဖန်ရှင်များပါပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








www.pyaephyo.com