10/25/2017

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: phone

မေး - Super User ကို သူများတွေအသုံးပြုလို့မရအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲခင်ဗျာ။
ဖြေ - Super User ကို သူများတွေအသုံးပြုလို့မရအောင်လုပ်ချင်ရင်တော့ Password လုပ်ထားလို့ရပါတယ်။ ဒါပေမဲ့ Super User Version နောက်ဆုံးထွက်ဖြစ်မှ ရပါမယ်။

မေး - ကွန်ပျူတာမှာ ADB Command ကို နေရာအနှံ့မှာသုံးခွင့်ရအောင် ဘယ်လိုလုပ်ရမလဲခင်ဗျာ။
ဖြေ - ပုံမှန်အားဖြင့် ADB နဲ့ Fastboot ပါတဲ့ Folder ထဲမှာပဲ သုံးလို့ရပါတယ်။ ဒါကိုမသုံးဘဲ ကွန်ပျူတာရဲ့နေရာအနှံ့မှာ သုံးချင်ရင်တော့ ADB နဲ့ Fastboot ပါတဲ့ ဖိုင် 4 ဖိုင်အားလုံးကို Local Disk C : ထဲက Windows Folder ထဲကို ထည့်ပေးထားခြင်းအားဖြင့် ကွန်ပျူတာရဲ့နေရာအနှံ့မှာ သုံးခွင့်ရမှာပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei G6 ပါ အစ်ကို။ သုံးနေရင်း Logo လည်သွားတယ်။ ဘာဖြစ်တာလဲမသိဘူး။ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်မလဲအစ်ကို။
ဖြေ - ဟုတ်ကဲ့။ Huawei G6 တွေမှာ Logo လည်တာ Battery Error ကြောင့်ဖြစ်တာများပါတယ်။ အရင်ဆုံး Battery လဲသုံးကြည့်ပါ။ မရရင်တော့ ဆော့ဖ်ဝဲရေးကြည့်ရမှာဖြစ်တဲ့အတွက် နီးစပ်ရာ Service ဆိုင်ကို သွားလိုက်ပါအစ်ကို။

မေး - Sony ဖုန်းတွေမှာ Root မလိုဘဲ Facebook မှာ မြန်မာစာပေါ်အောင် ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - Setting ထဲက Display ထဲမှာ Set Font ဆိုတာ ပါပါတယ်။ အဲ့ထဲမှာ Zawgyi One TTF ဒါမှမဟုတ် Zawgyi One Myanmar တစ်ခုခုကို အမှန်ခြစ်ပေးလိုက်တာနဲ့ မြန်မာစာအမှန်အတိုင်းမြင်ရပါပြီ။ ဒါပေမဲ့ အထက်ပါ Software တွေကိုတော့ Install လုပ်ပေးထားဖို့ လိုအပ်ပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့် Phone က အားသွင်းကြိုးထိုးရင် Phone Power သေသွားတယ်။ အားသွင်းကြိုးမထိုးရင် သုံးလို့ရတယ်။ ဘာဖြစ်တာလဲအစ်ကို။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ Phone က အားသွင်းခေါင်း Shock ဖြစ်နေတာပါ။ အားသွင်းခေါင်းလဲလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

မေး - အစ်ကို ကျွန်တော့်ဖုန်းက ပါဝါကနိုးတယ်။ ဒါပေမဲ့ LCD က အဖြူရောင်ကြီးဖြစ်နေတယ်။ အသံတော့ ကြားရတယ်။ အဲ့ဒါ ဘာဖြစ်တာလဲအစ်ကို။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အစ်ကို့ဖုန်းက Backlight ပိုင်းကို စစ်ရမှာပါ။ Backlight ပိုင်းမှာရှိတဲ့ Condencer, Diode လေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ LCD Socket နားမှာရှိတဲ့ EMI Filter လေးတွေမကောင်းရင်လည်း ဖြစ်တတ်ပါတယ်။ LCD လည်း လဲပေးရတဲ့အခါမျိုးလည်း ရှိပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့် Samsung S2 ဖုန်းလေး Charging ကြိုးထိုးရင် ပါဝါတစ်ချက်ပွင့်ပြီး အားဝင်ပုံလဲ မပြဘူး။ အားလည်းမ၀င်ပါဘူး။ ပါဝါပိတ်ပြီးသွင်းရင်လည်း အားဝင်ပုံလေးမပြဘဲ ပါဝါတန်းပွင့်သွားပါတယ်။ ဘာ Error လဲမသိဘူးခင်ဗျာ။
ဖြေ - အစ်ကို့ဖုန်းက Charging ကြိုးထိုးလိုက်တာနဲ့ ပါဝါပွင့်လာတယ်ဆိုတော့ USB ခေါင်းက အလုပ်လုပ်ပါတယ်။ ဒီလို Error မျိုးက Charg-ing IC ကြောင့် အဖြစ်များပါတယ်ခင်ဗျာ။ Charging IC ကိုသာ ဖြုတ်လဲကြည့်ပါခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei ဖုန်းပါဗျ။ Speaker အသံတိုးနေလို့ပါ။ ၀ယ်ထားတာ 6 လလောက်ရှိပြီ။ အစက အသံကျယ်တယ်။ အခုမရတော့လို့ပါ။
ဖြေ - ဟုတ်ကဲ့ပါဗျာ။ အစ်ကို့ဖုန်းကို သေချာသန့်ရှင်းရေးလုပ်ကြည့်ပါ။ Speaker ရဲ့နောက်မှာ ဖုန်ကပ်နေရင် တိုးတတ်ပါတယ်။ နောက်တစ်ခုက Speaker အသစ်လဲကြည့်ပါ။ မရဘူးဆိုရင် Volt မရောက်တာဖြစ်တဲ့အတွက် နီးစပ်ရာဆိုင်ကိုပို့မှ အဆင်ပြေပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G610 ပါ။ Touch ပြားလဲလိုက်ပြီးမှ Network မသိတော့လို့ပါ။ ကူညီပါဦးခင်ဗျာ။
ဖြေ - G610 မှာ Touch ပြားလဲရင် ဂရုစိုက်စေချင်ပါတယ်။ Body Cover လဲလိုက်ရင်တော့ ရတတ်တာမျိုးရှိပါတယ်။ Network ငုတ်လေးတွေ ကျိုး/မကျိုးကိုလည်း စစ်ဆေးသင့်ပါတယ်။ ကျိုးနေရင် အသစ်လဲလှယ်ပေးလိုက်ပါ။ အဆင်ပြေပါစေ။

ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





www.pyaephyo.com