10/29/2017

♪ သင့်ဖုန်းမှ Sexy Photo များကို အလိုအလျှောက် ဖွက်ပေးမယ့် AI ပါတဲ့ App ♫


Instagram လို လူမှုကွန်ရက်နဲ့ ရည်းစားရှာဖွေတဲ့ ၀န်ဆောင်မှုများမှာ Sexy Photo များကို မျှဝေခြင်းဟာ အလွန် ရေပန်းစားနေပါတယ်။ ဒါပေမယ့် သင့် စမတ်ဖုန်းကို တစ်စုံတစ်ယောက်က ယူကြည့်လို့ပဲ ဖြစ်ဖြစ်၊ ဟက်ကာများက သင့်ဖုန်းမှ ဓါတ်ပုံများကို ခိုးယူသွားရင်ပဲ ဖြစ်ဖြစ် သင့်အတွက် အရှက်ရစရာ ဖြစ်လာနိုင်ပါတယ်။ သင့်ရဲ့ အရှက်ကို ကာကွယ်ပေးဖို့အတွက် Nude အမည်ရ iOS App ကို ဖန်တီးပေးလိုက်ပါတယ်။ 

Nude မှာ ဥာဏ်ရည်တု နည်းပညာပါပြီး သင့်ဖုန်းမှ Sexy Photo များကို သူက ခွဲခြား၍ အလိုအလျှောက် ဖွက်ပေးထားနိုင်ပါတယ်။ သူ့ကို အမေရိကန် ပြည်ထောင်စု Oakland အခြေစိုက် ကုမ္ပဏီတစ်ခုက တီထွင်ထားပါတယ်။ ကုမ္ပဏီက Nude ဟာ သင့်ဖုန်းမှ Sensitive ဖြစ်တဲ့ ဓါတ်ပုံများကို Camera Roll ကနေ App ထဲကို ကူးပြောင်းပေးပြီး Cloud ကနေလည်း ဖျက်ဆီးပေးပါတယ်လို့ ပြောပါတယ်။ အဲဒီအတွက် သင့်ရဲ့ Sexy Photo များကို Cloud ကနေ ခိုးယူခြင်းခံရမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။ 

စမတ်ဖုန်းများမှာ ဓါတ်ပုံများ၊ ဗီဒီယိုများ၊ ဖိုင်များကို ဖွက်ပေးတဲ့ Vault Apps များစွာ ထွက်ပေါ်နေပေမယ့် Nude ရဲ့ အားသာချက်က အလိုအလျှောက် ခွဲခြမ်းစိတ်ဖြာ၍ ဖွက်ပေးခြင်းဖြစ်ပါတယ်။ အဲဒီအတွက် Users များအနေဖြင့် အလုပ်ရှုပ်မှု ကင်းဝေးစေပါတယ်။ လက်ရှိမှာ Nude ကို Beta အနေဖြင့် ဖြန့်ချီပေးထားပါတယ်။ တီထွင်တဲ့ Developer က Nude ကို အင်စတော မလုပ်ခင်မှာ iOS 11 ကို အဆင့်မြှင့်ထားဖို့ အကြံပေးထားပါတယ်။



Credit to ==> DigitalTimes.com.mm



www.pyaephyo.com