10/26/2017

♪ “Xiaomi Redmi Note 4 နဲ့ Note 4X အတွက် Android One ROMs ထွက်ရှိ” ♫

Image may contain: phone

Xiaomi က Google နဲ့ ပူးပေါင်း၍ Mi A1 အမည်ရ Android One စမတ်ဖုန်းကိုမကြာခင်ကထုတ်လုပ် ရောင်းချခဲ့ပြီး လူစိတ်ဝင်စားမှုများပြားခဲ့ ပါတယ်။ Mi A1 မှာ Google ရဲ့ Pure Android ထည့်သွင်းထားပြီး MIUI မပါရှိပါဘူး။ Stock Android OS ထည့်သွင်းထားတဲ့အတွက် Android OS အသစ်များကိုအစောဆုံး ရရှိမယ့် အခွင့်အရေးလည်းရှိပါတယ်။

Mi A1 ရဲ့ Android ROM ကိုXiaomi Redmi Note 4 နဲ့ Note 4X တို့အတွက် Developer တစ်ဦးက ပြုပြင်ဖန်တီးပေးလိုက်ပါတယ်။ Android One 7.1.2 ROM ဖြစ်ပြီးသူ့ကို XDA Developer ရဲ့ အကြီးတန်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ GLokin666 က ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ROM ဟာ Stable ဖြစ်ခြင်းသိပ်မရှိသေးဘူးလို့ သိရပါတယ်။

Xiaomi Redmi Note 4 နဲ့ Note 4X တို့မှာအဲဒီ ROM ကိုအသုံးပြုထားတဲ့ အခါမှာ Fingerprint Scanner နဲ့ Infrared Blasters တို့ အလုပ် မလုပ်ခြင်းနဲ့ ကင်မရာ ပြဿနာ ဖြစ်ပေါ်ခြင်းများ ဖြစ်တတ်တယ်လို့ သိရပါတယ်။ အဲဒီ ROM ကိုစမ်းသပ်အသုံးပြုချင်ရင် XDA-Developer Website မှာရယူနိုင်ပါတယ်။

ယခင်ကလည်းDeveloper တစ်ဦးကMi A1 ရဲ့ Android One ROM ကိုXiaomi Mi 5X အတွက် ဖန်တီးပေးခဲ့ပါတယ်။ Google က မကြာခင်က Android One Smartphones များဖြစ်တဲ့ Xiaomi Mi A1 နဲ့ Moto X4 တို့ကိုဖန်တီးခဲ့ပါတယ်။ Android One ပလက်ဖောင်းအပေါ်မှာ တည်ဆောက် ထားတဲ့ HTC U11 Life ကိုလည်းမကြာခင်မှာမိတ်ဆက်ဖို့ ရှိနေပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






www.pyaephyo.com