10/29/2017

♪ Android မှာ Apps များကို အင်စတော မလုပ်ဘဲ စမ်းသပ်သုံးနိုင်ပြီ ♫


Google က Play Store နဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှုများကို ကြေညာလိုက်ပါတယ်။ အဲဒီအထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးက Apps များကို အင်စတော လုပ်စရာမလိုဘဲ စမ်းသပ်အသုံးပြုနိုင်တဲ့ Instant Apps ဖြစ်ပါတယ်။ 

Google က ၂၀၁၆ ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ Google I/O Developer Event မှာ Instant Apps ကို စတင် မိတ်ဆက်ခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလမှာ Users အချို့အတွက် Instant Apps ကို စတင် ဖြန့်ချီပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက Instant Apps ကို ထောက်ပံ့တဲ့ Apps အနည်းငယ်သာ ရှိခဲ့ပါတယ်။ 

အခုတော့ Google က Play Store မှ ဒီလုပ်ဆောင်ချက်ကို ထောက်ပံ့တဲ့ Apps များကို လူတိုင်း အသုံးပြုနိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ Play Store မှာ Try it Now Button ကို နှိပ်၍ Apps များကို အင်စတော မလုပ်ဘဲ စမ်းသပ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Google က Instant Apps များကို ကမ္ဘာအ၀န်းသို့ တစ်ဖြည်းဖြည်းချင်း ဖြန့်ချီပေးနေတဲ့အတွက် သင် အသုံးပြုလို့ မရသေးရင် အချိန်စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ 

Instant Apps ဟာ အခပေး ဂိမ်း သို့မဟုတ် App တစ်ခုကို မ၀ယ်ယူခင်မှာ စမ်းသပ်အသုံးပြုနိုင်တဲ့အတွက် အလွန် အသုံးဝင်ပါတယ်။ Play Store မှာ ၀ယ်ယူပြီး ၂ နာရီအတွင်းမှာ မနှစ်သက်ရင် ငွေပြန်တောင်းနိုင်တဲ့ ၀န်ဆောင်မှုကို ပံ့ပိုးပေးထားတယ်ဆိုပေမယ့် Instant Apps က ပိုမို အထောက်အကူရစေပါတယ်။




Credit to ==> DigitalTimes.com.mm


www.pyaephyo.com