10/26/2017

♪ “စိန်နဲ့ ရွှေများခြယ်သထားတဲ့ iPhone X ကိုရောင်းမည်” ♫

Image may contain: phone

Apple က iPhone X ကိုစက်တင်ဘာလမှာမိတ်ဆက်ခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့မှာရောင်းချပေးမှာ ဖြစ်ပါတယ်။ သူ့ရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်မှာ ၉၉၉ ဒေါ်လာ ဖြစ်ပါတယ်။ အခုတော့ ဖင်လန်ကုမ္ပဏီ Legend က စိန်နဲ့ ရွှေများဖြင့် အလှဆင်ထားတဲ့ 256GB iPhone X ကိုရောင်းချမယ်လို့ ကြေညာလိုက် ပါတယ်။ အဲဒီဖုန်းများရဲ့ တန်ဖိုးအနည်းဆုံးမော်ဒယ်မှာ Aurum ဖြစ်ပြီး ၃၄၉၄ ဒေါ်လာဖြစ်ပါတယ်။

အဲဒီမော်ဒယ်မှာ ၂၄ ကာရက် ရွှေသားဖြင့် ဖန်တီးထားတဲ့ အနောက်ကာဗာ၊ ပုလဲဖြင့် ဖန်တီးထားတဲ့ လိုဂိုနဲ့ ၁၈ ကာရက်ရွှေဖြင့် ဖန်တီးထားတဲ့ ဘေးဘောင်များပါပါတယ်။ Momentum iPhone X Model မှာ ၀.၃ ကာရက် အနီရောင် စိန်ကို အနောက်ဘက်မှာအလှဆင်ထားသလိုဖန်စီကျလှပတဲ့ ဒြပ်ထုများစွာဖြင့် ပုံဖော်ထားပါတယ်။ သူဟာတန်ဖိုးအကြီးဆုံးမော်ဒယ်ဖြစ်ပြီး ၄၄၈၉ ဒေါ်လာသတ်မှတ်ထားပါတယ်။ Lu Model မှာ Apple Logo နဲ့ မျက်နှာပြင်ဘေးဘောင်များကို ၁၀.၇၀ ကာရက် စိန်များဖြင့် အလှဆင်ထား ပါတယ်။

သူ့ကိုတရုတ်လူမျိုးများအတွက် ဖန်တီးပေးထားခြင်း ဖြစ်ပြီး အနောက်ဘက်မှာရွှေဖြင့် ပြုလုပ်ထားတဲ့ နဂါးရုပ်ပါပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ၄၂၅၃ ဒေါ်လာ ဖြစ်ပါတယ်။ သူ့ကိုတော့ မှာယူမှသာ ပြုလုပ်ပေးမယ်လို့ Legend က ပြောပါတယ်။ စိန်များရဲ့ အရည်အသွေးဟာ VVS1 Grade ရှိတယ်လို့ သိရပါတယ်။ Classique Model ကတော့ ၃၈၉၇ ဒေါ်လာ ဖြစ်ပြီး Apple Logo ကိုစိန်များဖြင့် ဖန်တီးထားပါတယ်။

လိုဂိုမှာသုံးထားတဲ့ စိန်များဟာရောင်စုံဖြစ်ပါတယ်။ သူ့ကို ၁၀ လုံးသာ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ Legend ရဲ့ iPhone X မော်ဒယ် အားလုံးအတွက် တန်ဖိုးကြီးဘူးခွံ၊ ၂၄ ကာရက်ရွှေဖြင့် ဖန်တီးထားတဲ့ နားကြပ်၊ သားရေဖြင့် ပြုလုပ်ထားတဲ့ ဖုန်းထည့်တဲ့ အိတ်များလည်း ထည့်သွင်းပေးထားပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






www.pyaephyo.com