10/02/2017

♪ “ရယ်စရာမောစရာမိုဘိုင်းဖုန်းလောကအကြောင်း (၂)” ♫

Image may contain: phone and screen

ကျွန်တော်တို့ငယ်ငယ်ကအခေါ်ကမိုဘိုင်းဖုန်းပေါ့။အခုခေတ်နဲ့ဆိုရင်တော့စမတ်ဖုန်းလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ဒီကောင်တွေကိုသုံးကောင်းကောင်းနဲ့သာသုံးနေရတာတကယ်တော့ပိုးမွှား အန္တရာယ်ကင်းတာမဟုတ်ဘူး။၂၀၁၀လောက်တုန်းကDaily Mail မှဖတ်လိုက်ရဖူးတာမိုဘိုင်းဖုန်း တစ်လုံး မှာရှိနေတဲ့ဘတ်တီးရီးယားအရေအတွက်ကအိမ်သာလက်ကိုင်မှာရှိနေတဲ့ဘက်တီးရီးယားအရေအတွက်ထက်၁၈ဆလောက်များတယ်တဲ့။ဒါပေမယ့်ဒီဘက်တီးရီးယားတွေကအန္တရာယ်သိပ် မပေးဘူးနဲ့တူပါတယ်။အခုအချိန်အထိဒီကောင်တွေကြောင့်အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်း မျိုးမကြားမိသေးပါဘူး။

ဂျပန်နိုင်ငံမှာထုတ်တဲ့မိုဘိုင်းဖုန်းတွေရဲ့၉၀ရာခိုင်နှုန်းကရေစိုခံနိုင်တဲ့ အရည်အသွေးပါအောင်ထုတ်လုပ်ကြပါတယ်။Sony ကရေစိမ်ခံနိုင်တဲ့ မိုဘိုင်းဖုန်းကိုစထုတ်တုန်းကဆိုနည်းနည်းတောင်ကြောင်သွားသေး တယ်။ဘယ်သူကများကိုယ့်ရဲ့ဖုန်းကိုရေစိမ်မှာလဲပေါ့။တကယ်တော့ဂျပန်က လူငယ်တွေကရေချိုးရင်းနဲ့တောင်ဖုန်းသုံးတတ်တာမို့လို့ကုမ္ပဏီတွေက ရေစိုခံနိုင်အောင်ထုတ်ပေးရင်း နဲ့တဖြည်းဖြည်းအဆင့်မြင့်လာပြီးရေစိမ် ခံနိုင်အောင်ထုတ်ပေးတဲ့အဆင့် အထိကိုရောက်လာခဲ့တာပါ။အခုဆိုရင် Samsung တို့၊iPhone တို့အပြင်တခြားအမှတ်တံဆိပ်ဖုန်းတွေ မှာလည်း ဒီလိုမျိုးFeature ပါဝင်လာပါပြီ။

မိုဘိုင်းဖုန်းကနေထွက်တဲ့Radiation တွေကမျက်လုံးကြောင်ပြီး အိပ်မပျော်တာ၊ခေါင်းကိုက်တာနဲ့စိတ်ရှုပ်ထွေးတာတွေကိုဖြစ်စေပါတယ်။အဲ့ဒီတော့ကိုယ်ညအိပ်တဲ့အချိန်မှာစမတ်ဖုန်းကိုဘေးမှာထားအိပ်တာ ကကောင်းမွန်တဲ့အလေ့အထတစ်ခုတော့မဟုတ်ပါဘူး။အင်တာနက်ဖွင့်ပြီး အိပ်ပျော်သွားရင်ပိုဆိုးတာပေါ့။ဒီလိုမျိုးRadiation တွေကမမြင်ရတဲ့ အတွက်ပိုပြီးတော့သတိထားသင့်ပါတယ်။

Keypad ဖုန်းတွေခေတ်တုန်းကဖုန်းအားကုန်မှာကိုဘာမှ သိပ်စိုးရိမ်နေ စရာမလိုပါဘူး။အားကအကြာကြီးခံ တာကိုး။Touch-screen ခေတ်လည်း ရောက်ရောဖုန်းဆိုတာအားကုန်လိုက်တာမှသောက်သောက်လဲပဲ။အဲဒီ တော့သွားသွားလာလာအားသွင်းကြိုးလေးထည့်သွားရလိုက်၊Power Bank လေးဆောင်သွားရလိုက်နဲ့။ဒီလို နဲ့နောက်ပိုင်းဖုန်းတွေမှာ အားသွင်းတာနဲ့ဘယ်နှမိနစ်အတွင်းဖုန်းဘက်ထရီရဲ့ဘယ်လောက် ရာခိုင်နှုန်းအားပြည့်မယ်ဆိုတဲ့စွမ်းဆောင်ရည်မျိုးပါအောင်ထုတ်ကြရတော့တာပေါ့။Samsung တို့၊iPhone တို့ဆိုရင်ကြိုးမဲ့အားသွင်းတဲ့စနစ်ကို တောင်စနေပြီ။ဒီကြားထဲသိပ္ပံပညာရှင်တွေကကြံကြံဖန်ဖန်ဆီးကနေ ဖုန်းတွေကိုအားသွင်းနိုင်တဲ့စနစ်ဆိုတာထွင်လိုက်သေးတယ်။ဒါပေမယ့် မအောင်မြင်ပါဘူး။

ဖုန်းတွေအကြောင်းပြောရင်ဆယ်လူလာဖုန်းကြီးတွေကိုလည်းမေ့ထားလို့မရပြန်ဘူး။ဒီကောင်ကြီးတွေခေတ် ကိုတော့ကျွန်တော်လည်း ကောင်းကောင်းမမီလိုက်ပါဘူး။ရှေးတုန်းကမြန်မာရုပ်ရှင်ကားတွေထဲမှာ တော့ဒီဖုန်းကြီးတွေကိုတွေ့ဖူးကြမှာပါ။ဒီကောင်တွေကဘယ်နှစ်မိုင်၊ ဘယ်လောက်ဧရိယာဆိုပြီးပဲပြောလို့ရတာ။ဈေးကလည်းအသေကြီးပြီး ပတ်သက်ရာပတ်သက်ကြောင်းတွေပဲပြောခွင့်ရခဲ့တဲ့ဖုန်းကြီးတွေပေါ့။ဒီလိုမျိုးပထမဆုံးမို ဘိုင်းဖုန်းကိုစပြီးထွင်ခဲ့တဲ့သူကMotorola ကMartin Cooper ပါ။၁၉၇၃ခုနှစ်မှာတီထွင်ခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်ကMotorola ကတယ်လီဖုန်းကွန်ရက်ချိတ်ဆက်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီးနောက်ပိုင်းမှ ဖုန်းတွေထုတ်တာပါ။IBM တို့ဆရာကြီးဖြစ်နေတဲ့အချိန်ဆိုလည်း မမှားပါ ဘူး။

ကျွန်တော်တို့ကဘယ်သွားသွားဖုန်းလေးကိုသယ်သွားတတ်တဲ့သူတွေပါ။ကိုယ့်ရဲ့အနားမှာဖုန်းမရှိရင်တစ်ခုခုလိုနေသလိုပါပဲ။အင်္ဂလိပ်ဘာသာမှာတစ်ခုခုကိုကြောက်တယ်ဆိုရင်Phobia လို့သုံးပါတယ်။ဖုန်းပျောက်သွား မှာစိုးတာကိုယ့်အနားမှာဖုန်းမရှိရင်မနေတတ်တော့တာကိုNomophobiaလို့ခေါ်ပါတယ်။Nomophobiaဖြစ်နေရင်တော့ရေရှည်မကောင်းပါဘူး။ ကိုယ့်စိတ်ကိုယ်ထိန်းနိုင်ဖို့လိုပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့အိမ်သာအရေအတွက်ထက်စမတ်ဖုန်းအရေအတွက်ကပိုပြီးတော့များပါတယ်။အဲဒီတော့ကျွန်တော်တို့အနေနဲ့ခရီးသွားရင်အီးပါရတာသာခက်ရင်ခက်မယ်။ဖုန်းဆက်ဖို့တော့ဘယ်တော့မှခက်မှာမဟုတ်ပါဘူး။နောက်တစ်ခုကအိမ်သာထဲကိုဖုန်းယူသွားတတ်တဲ့ကိစ္စပါ။အိမ်သာ တက်ရင်းဖုန်းအိမ်သာထဲ ပြုတ်ကြသွားတာတို့၊ဖုန်းရေစိုသွားတာ ကတော့ခဏခဏဖြစ်တတ်တဲ့ကိစ္စမျိုးပါပဲ။ ဟိုတုန်းကနယ်ဖက်ကရွာတစ်ရွာမှာအိမ်သာတွင်းထဲပြုတ်ကြသွားတဲ့ဖုန်းကိုဆင်းဆယ်တာကနေလူ ၃ယောက်သေသွားတယ်ဆိုတဲ့သတင်းတွေတောင်ရှိခဲ့ဖူးပါတယ်။သိပ် တော့မထူးဆန်းပါဘူး။ဗြိတိန်လိုနိုင်ငံ မျိုးမှာတောင်တစ်နှစ်ကိုမိုဘိုင်းဖုန်း အလုံးတစ်သိန်းလောက်အိမ်သာထဲ ပြုတ်ကျတယ်ဆိုတဲ့အဖြစ်မျိုးတွေ ရှိနေတဲ့အတွက်ပါ။

Facebook ပေါ်ကိုဓာတ်ပုံနဲ့Video တွေကိုမိုဘိုင်းဖုန်းကနေUpload လုပ်တဲ့အချိန်တိုင်းအင်တာနက်ရဲ့ Upstream Web Traffic က၂၇ ရာခိုင်နှုန်းလောက်တက်သွားပါတယ်။စမတ်ဖုန်းတွေရဲ့၆၅ရာခိုင်နှုန်းက တစ်လနေလို့Appတစ်ခုဒေါင်းလုတ်မဆွဲပါဘူး။ မြန်မာနိုင်ငံမှာတော့ တစ်ယောက်နဲ့တစ်ယောက်Zapyaနဲ့ကူး ပါတယ်။Update File ကအစ ရရင်ရသလိုကူးပါတယ်။နောက်ပြီးအင်တာနက်ပေါ်ကMalware တွေရဲ့ ၉၉ရာခိုင်နှုန်းကAndroid အသုံးပြုသူတွေကိုပစ်မှတ်ထားတိုက်ခိုက် ပါတယ်။ဒါပေမယ့်စိတ်ပူစရာမရှိပါဘူး။ ကျွန်တော်တို့ဆီမှာမိုဘိုင်းဖုန်းနဲ့ ဘဏ်စနစ်အသုံးပြုတဲ့သူကဆယ်ယောက်တစ်ယောက်ပါ။

မိုဘိုင်းဖုန်းတစ်လုံးဖြစ်လာဖို့အတွက်မတူညီတဲ့မူပိုင်ခွင့်ပေါင်း၂၅၀၀၀၀ လောက်ကိုပေါင်းစပ်ပြီးတော့ ပြုလုပ်ရတာပါ။ကျွန်တော်တို့ဖုန်းကိုUnlock ပြုလုပ်တဲ့အရေအတွက်ကတစ်နေ့ကိုအကြိမ်၁၀၀ကျော်ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့နေ့တိုင်းအင်တာနက်လည်းဖွင့်ပြီးဖုန်းများများပွတ်အောင်လို့MPT, Telenor နဲ့Ooredooတို့ကဆုတောင်းနေမှာ သေချာပါတယ်။

မင်းသုခ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







www.pyaephyo.com