10/25/2017

♪ ယခုတစ်ပတ်မှာတော့ လတ်တလောပူပူနွေးနွေးထွက်ရှိလာတဲ့ နာမည်ကျော်ဘောလုံးဂိမ်း FIFA 18 ကို တင်ဆက်ပေးလိုက်ပါတယ် ♫

Image may contain: 1 person, standing

" FIFA 18 (PC) "
----------------------------------
စာရေးသူ - GT (Excellent)


ဒီကနေ့မှာ ဂိမ်းအမျိုးအစားတွေဘယ်လောက်ပဲများများ ခေတ်အဆက်ဆက်မှာ ရိုးအီမသွားဘဲ အမြဲတမ်းဈေးကွက်ဝင်နေတာ ကတော့ ဘောလုံးဂိမ်းတွေပါ။ ဒီထဲမှာမှ Electronic Arts ကနေ ပွဲထုတ်ပေးတဲ့ FIFA စီးရီးကတော့ Top (10) စာရင်းမှာ ထိပ်ဆုံးကလို ဦးဆောင်နေပြီး ပရိသတ်အများစုအသည်းစွဲလို့ဆိုရမှာ ဖြစ်ပါတယ်။ နာမည်ကျော် FIFA စီးရီး ရဲ့ (25)ခွေမြောက် တင်ဆက်မှုဖြစ်တဲ့ FIFA 18 ကို ဖန်တီးပေးထားတဲ့ Developer ကတော့ ယခင်အတိုင်း ကနေဒါ EA အုပ်စုဖြစ်ပြီး Publisher(s) ကတော့ မူပိုင် EA Sports ပါ။ ဂိမ်မာအားလုံး စိတ်ကျေနပ်စေဖို့ Microsoft Windows သမားတွေအပြင် Nintendo Switch, PlayStation 3, PlayStation 4, Xbox 360, Xbox One ပလက်ဖောင်းစုံအတွက် တစ်ပြိုင်တည်းပွဲထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ FIFA ဟာ ဘောလုံးဈေးကွက်ရဲ့ပြိုင်ဖက်ဖြစ်တဲ့ PES နဲ့ အမြဲတမ်းယှဉ်ပြိုင်နေရတာကြောင့် Feature သစ်တွေ အပြိုင်မြှင့်တင်ကြရာမှာ (2017)ဗားရှင်းမှာတုန်းက အင်္ဂလန်ရဲ့ (၁၉၆၈-၆၉) ရာသီမှာ (22)ဂိုးသွင်းယူနိုင်ခဲ့တဲ့ လန်ဒန်၊ ကလက်ပ်ဟန်က နာမည်ကျော်တိုက်စစ်မှူး Jim Hunter ရဲ့ မြေးဖြစ်သူ (17)နှစ်အရွယ် လူငယ်လေး အဲလက်စ်ဟန်တာ အဖြစ်ဝင်ရောက်ကစားရတဲ့ The Journey ဆိုသော Single-Player Story Campaign Mode အသစ်ကို ထည့်သွင်းပေးခဲ့တာ ပရိသတ်တွေမှတ်မိကြဦးမယ်ထင်ပါတယ်။ ဒီတစ်ခါမှာလည်း The Journey: Hunter Returns ဆိုတဲ့ Mode အနေနဲ့ပြန်လည်ပါဝင်လာမှာဖြစ်ပြီး (18)နှစ်အရွယ်ရောက်သွားပြီဖြစ်တဲ့ အဲလက်စ်ဟန်တာအနေနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်တွေကတစ်ဆင့် ဘရာဇီးနဲ့ ယူနိုက်တက်စတိတ်မြေ ပေါ်အထိ ခြေစမ်းခွင့်ရလာမှာဖြစ်ပါတယ်။ ဂိမ်းပလေးအနေနဲ့ ယခင်လိုလိဂ်တွေ၊ နိုင်ငံတကာပွဲတွေ စုံလင်အောင်ကစားနိုင်တဲ့အပြင် ထပ်တိုး Features တွေအနေနဲ့ကတော့ နိုင်ငံပေါင်း (12)နိုင်ငံက လိုင်စင်ကစား ကွင်းပေါင်း (50)ကျော်နဲ့အတူ အခြားကွင်းသစ် (30)၊ စုစုပေါင်း (80)ကျော်ကို ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ကာဗာပိုင်းကိုတော့ စပိန်လာလီဂါရဲ့ဘုရင် ရီးရဲမက်ဒရစ်အသင်းက နာမည်ကျော်ဘောလုံး မင်းသား ခရစ်တီရာနိုရော်နယ်ဒိုရဲ့ပုံနဲ့ ပွဲထုတ်ပေးထားပြီး Attacking Techniques ပိုင်းတွေ AI ပိုင်းတွေကို အဆင့်မြှင့်တင်ပေးထားတာကြောင့် ပလေယာတွေအနေနဲ့ ယခင်ဗားရှင်းတွေကထက် ပိုပြီးခက်ခက်ခဲခဲ ကစားရမှာအသေအချာပါ။ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ဂရပ်ဖစ်တွေ၊ သွက်လက်တဲ့လှုပ်ရှားမှုတွေအတွက် ကိုတော့ FIFA 17 မှာ စပြီးအသုံးပြုခဲ့တဲ့ Frostbite 3 အင်ဂျင်ကို ဆက်လက်အသုံးပြု ဖန်တီးရေးဆွဲပေးထားတာကြောင့် FIFA 17 မှာလို ကောင်းမွန်တဲ့ရသတွေကို ခံစားရမှာဖြစ်ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





www.pyaephyo.com