10/25/2017

♪ “ဒေါ်လာ ၂၀၀ ဈေးလျှော့လိုက်တဲ့ Essential Phone” ♫

Image may contain: phone

Android ကိုပူးတွဲတည်ထောင်ခဲ့သူ Andy Rubin တည်ထောင်ထားတဲ့ Essential ကုမ္ပဏီကသူ့ရဲ့ စွမ်းဆောင်ရည်မြင့် ပထမဆုံးစမတ်ဖုန်းကို အမေရိကန်မှာဒေါ်လာ ၂၀၀ ဈေးလျှော့ရောင်းချပေးလိုက်ပါတယ်။ အနက်နဲ့ အဖြူရောင်နှစ်မျိုးစလုံးအတွက် ဈေးလျှော့ပေးလိုက်ခြင်းဖြစ်ပြီးဒေါ်လာ ၇၀၀ ကနေ ၅၀၀ သာကျသင့်တော့မှာ ဖြစ်ပါတယ်။

Essential က Apple နဲ့ Samsung တို့ အုပ်စိုးထားတဲ့ ဈေးကွက်ကိုပိုမို ထိုးဖောက်နိုင်ဖို့ အတွက် ဒီလိုဈေးလျှော့ရောင်းချခြင်းဖြစ်တယ်လို့ ပြောပါ တယ်။နောက်ပိုင်းမှာကနေဒါမှာလည်းဈေးလျှော့ရောင်းချပေးနိုင်ပါတယ်။

Essential PH-1 မှာ၅.၇၁ လက်မ 2560x1312p Display နဲ့ Qualcomm Snapdragon 835 Chipset ထည့်သွင်းထားပါတယ်။အရှေ့ဘက်မှာ 8MP Camera နဲ့ အနောက်ဘက်မှာ 13MP Camera ၂ လုံး တပ်ဆင် ထားပါတယ်။ အနောက်ကင်မရာများဟာတစ်လုံးမှာ Color နဲ့ နောက်တစ်လုံးမှာ Monochrome ဖြစ်ပါတယ်။

Android Nougat မောင်းနှင်မှာ ဖြစ်ပြီးဘက်ထရီက 3040mAh ဖြစ်ပါတယ်။ 4GB RAM, 128GB Internal Storage များထည့်သွင်းထား ပါတယ်။ ကင်မရာအပိုင်းနဲ့ Features အပိုင်းကိုဖုန်းမှာအဓိက ဖန်တီးပေးထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





www.pyaephyo.com