10/29/2017

♪ HP က စွမ်းဆောင်ရည်မြင့် 2-in-1 Tablet ကို ပြသ ♫


HP က ဒီဇိုင်နာများ၊ ဂရပ်ဖစ် အနုပညာသမားများအတွက်တောင် အဆင်ပြေစေတဲ့ စွမ်းဆောင်ရည်မြင့် လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး ကွန်ပြူတာကို ပြသလိုက်ပါတယ်။ ကီးဘုတ်ဟာ ဖြုတ်၊ တပ် နိုင်တဲ့ အရှင် အမျိုးအစားဖြစ်ပြီး သူ့ရဲ့ အမည်ကတော့ ZBook x2 ဖြစ်ပါတယ်။ သူဟာ Workstation PC များလောက် စွမ်းရည်မြင့်မားပါတယ်။ သူ့မှာ Quad-Core i7 Processor (Intel Kaby Lake-R Series) , Nvidia Quadro M620 Graphics Card များ တပ်ဆင်ထားပါတယ်။ 32GB RAM, 2TB SSD အထိ ရွေးချယ်နိုင်ပါတယ်။ 

၁၄ လက်မ ထိတွေ့မျက်နှာပြင်တပ်ဆင်ထားပြီး 4K Resolution အထိ ရွေးချယ်နိုင်ပါတယ်။ HP က ထုတ်လုပ်ထားတဲ့ ဒစ်ဂျစ်တယ် ဘောပင်နဲ့ တွဲဖက် သုံးနိုင်ပါတယ်။ မျက်နှာပြင်ဟာ 4096 Pressure Levels ကို အာရုံခံနိုင်ပါတယ်။ 

Kickstand , Smart Card Reader , SD Card Reader , HDMI Port , USB 3.0 Port , USB-C Port များ ပါပါတယ်။ HD Webcam တစ်ခု တပ်ဆင်ထားပြီး ၄.၇၈ ပေါင် အလေးချိန်ရှိပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ ၁၇၄၉ ဒေါ်လာ ဖြစ်ပြီး ဒီဇင်ဘာလမှာ ရောင်းချမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ အခြား နှစ်မျိုးသုံး ပီစီများနဲ့ ကွဲပြားပါတယ်။ တန်ဖိုးကြီးမားပေမယ့် Workstation Desktop နဲ့ လက်တော့ ဈေးကွက်ရှိနေတဲ့အတွက် HP က အဲဒီဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ် ထားပုံပေါ်ပါတယ်။



Credit to ==> DigitalTimes.com.mm



www.pyaephyo.com