10/29/2017

♪ ဒေါ်လာ ၁၀၀ အောက်မြန်မာငွေ၁သိန်းဝန်းကျင်နဲ့ဝယ်ယူနိုင်မယ့် Nokia 2 ♫


HMD အနေနဲ့ Nokia 2 ကို တရားဝင် ကြေညာရခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အမေရိကန် အွန်လိုင်းစတိုးက Nokia 2 ဈေးနှုန်းကို စတင်ဖော်ပြနေပြီဖြစ်ပါတယ်။ သက်သာတဲ့ဈေးနှုန်းဖြစ်တဲ့ ၉၉ ဒေါ်လာနဲ့ ၀ယ်ယူနိုင်ပါတယ်။ ဒီဈေးနှုန်းကြောင့်ပဲ Nokia 2 ဟာ HMD Global က ထုတ်လုပ်ရောင်းချတဲ့ Nokia ဖုန်းတွေထဲမှာ တန်ဖိုးအနည်းဆုံးဖုန်း ဖြစ်လာပါမယ်။

Nokia 2 ကို အဖြူရောင်၊ အနက်ရောင်တို့နှင့် ရွေးချယ်နိုင်မှာ ဖြစ်ပြီး SlM ကက် နှစ်ကတ် အသုံးပြုနိုင်ပါ မယ်။ Nokia 2 ဟာ FCC ရဲ့ ခွင့်ပြုချက်ရယူထားပြီးဖြစ်ကာ ဘက်ထရီ 4000 mAh ပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဖုန်းကို Snapdragon 212 နှင့်အထိုင်ချလာပါမယ်။ ကျောဘက်ကင်မရာ တစ်ခုသာ ပါဝင်မှာဖြစ်ပြီး LED Flash ပါဝင်ပါမယ်။ စပီကာကို ကျောဘက်မှာထည့်သွင်းထားပါတယ်။ 

မျက်နှာပြင် ၅ လက်မရှိပြီး 720 p ရုပ်ထွက်သုံးထားပါတယ်။ ယခုနှစ်အစောပိုင်းတုန်းကထွက်ရှိထားတဲ့ Nokia 3 ကိုလည်း Entry-level အဆင့်ဖုန်းအဖြစ်သတ်မှတ်ထုတ်လုပ်ပေးလိုက်တာဖြစ်ပြီး အလူမီနီယမ် ကိုယ်ထည်နဲ့အတူ နောက်ကျောဘက်မှာတော့ ပိုလီကာဗွန်နိတ်အသားကိုသုံးထားပါတယ်။ 

Nokia 3 မှာ ၅ လက်မ HD မျက်နှာပြင်တပ်ဆင်ထားပါတယ်။ ပုံရိပ်ဖော်ပြသည့်အပိုင်းမှာတော့ IPS display မှာ 1280 x 720pixels နဲ့ဖြစ်ပါတယ်။ မျက်နှာပြင်ကာကွယ်နိုင်မှုအတွက် Gorilla Glass နဲ့ဖြစ်ပါတယ်။ အရှေ့နဲ့အနောက်မှာ 8MP Camera ပါရှိပါတယ်။ Nokia 2 ကိုအစောဆုံးရရှိနိုင်မယ့် နိုင်ငံကတော့ India ဖြစ်ပါလိမ့်မယ်။


Credit to ==> DigitalTimes.com.mm



www.pyaephyo.com